www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 21, 2017

မန္တလေးစက်မှုဇုန်အတွင်းရှိ ရေဆိုးထုတ်လွှတ်မှု အများဆုံးဖြစ်နေသည့် အရက်ချက်စက်ရုံ ၂ ရုံကို ယာယီရပ်ဆိုင်းထား


မန္တလေး ၊ ၂၁-၂-၂၀၁၇

မန္တလေးစက်မှုဇုန် အတွင်းရှိ ရေဆိုးထုတ်လွှတ်မှု အများဆုံး ဖြစ်နေသည့် အရက်ချက်စက်ရုံ နှစ်ရုံကို စက်ရုံလည်ပတ်မှု ယာယီရပ်ဆိုင်း ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

မန္တလေး ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်အတွင်းရှိ ရေဆိုး ထုတ်လွှတ်မှု အများဆုံး ဖြစ်နေသည့် အရက်ချက်စက်ရုံ နှစ်ရုံကို ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ လုပ်ငန်း လည်ပတ်မှုကို ယာယီရပ်ဆိုင်း ခိုင်းထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်း ထံမှ သိရသည်။

'' BOD ပါဝင်မှု ၆ဝဝဝ ရှိစေဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတ်မှတ်ချက် အတိုင်း ကျွန်တော်တို့ အနေနဲ့ နောက်ဆုံးအကြိမ် ဝင်စစ်လိုက်တဲ့ အခါမှာ အဲဒါထက် ကျော်နေတာကလဲ အရက်ချက်စက်ရုံ တွေပဲရှိတာလေ။ အဲဒီထဲ မှာမှ အရက်ချက်စက်ရုံ နှစ်ရုံက ရေဆိုးသန့်စင် စနစ် တည်ဆောက်ထားတာ မရှိဘူး။ အဲဒါကို စစ်ဆေးတွေ့ရှိ တယ်။ ကျွန်တော်တို့ အနေနဲ့ကလဲ တွေ့ရှိချက် အတိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြလိုက်တဲ့ အခါမှာ ရေဆိုး တင်ပြလိုက်တဲ့ အခါမှာ ရေဆိုးသန့်စင်မှု စနစ်တည်ဆောက် နေတဲ့အချိန်မှာ ယာယီ ရပ်ဆိုင်းထားဖို့တော့ ညွှန်ကြားထားတယ် '' ဟု ဦးသန့်ဇင်ထွန်း က ပြောပြသည်။

စက်မှုဇုန်များရှိ စက်ရုံအချို့တွင် BOD ပါဝင်မှုသည် ၁၅ဝဝဝ ကျော်ထိ ပါဝင်မှုများ ရှိနေကြောင်း ကွင်းဆင်း စစ်ဆေးမှုများ အရ တွေ့ရှိရသဖြင့် မန္တလေးတိုင်း ဒေသကြီး သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၏ ညွှန်ကြားချက် အရ ပထမအဆင့် အနေဖြင့် အဆိုပါ စက်ရုံများတွင် BOD ပါဝင်မှု ၆ဝဝဝ ထိ ရှိစေရန် စက်ရုံများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ မန္တလေးစက်မှုဇုန် အတွင်းရှိ အရက်ချက် စက်ရုံလေးရုံကို တွေ့ရှိခဲ့ သော်လည်း အရက်ချက် စက်ရုံ နှစ်ရုံမှာ ရေဆိုးသန့်စင်မှု စနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်ကာ ကျန်နှစ်ရုံမှာ မူ ရေဆိုးသန့်စင်မှု စနစ် တပ်ဆင်နိုင်ရန် နိုင်ငံခြား ကုမ္ပဏီများနှင့် လုပ်ဆောင် နေဆဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။

ထိုကဲ့သို့ BOD ပါဝင်မှု ၆ဝဝဝထိ လျော့ချမှုရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးမှုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူ များနှင့် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မန္တလေးမြို့ စက်မှုဇုန် (၁)နှင့် (၂)တို့တွင် လုပ်ငန်း အမျိုးအစား အများအပြား လုပ်ကိုင်လျက်ရှိနေပြီး BOD အများဆုံး အနေဖြင့် အရက်ချက် စက်ရုံများ ဖြစ်ပြီး BOD နှုန်းထား ၂ဝဝဝဝ ခန့်ထိ ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger