www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 1, 2017

သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလမှ စတင်၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်




စစ်ကိုင်း ၊ ၁-၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ကျပ်သိန်းပေါင်း တစ်သိန်းခန့် အကုန်အကျခံ၍ သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်သွားမည် ဖြစ်ရာ ယင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီ လ  ၉ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း IBEC ဆရာတော် ဦးသောဘိတ မှ မိန့်ကြားသည်။

အဆိုပါ ကျွန်းလှမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ် ကို သီတဂူ အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ လမ်းညွန်မှုဖြင့် ငါးကျမ်းပြန် ဆရာတော် ဒေါက်တာ ဓမ္မပိယက ပါမောက္ခချူပ် ပြုလုပ်ပြီး IBEC ဆရာတော် အရှင် သောဘိတ မှ ဦးစီး ဆောင်ရွက်ကာ ကျွန်းလှမြို့ရှိ မြေဧရိယာ ၃၀ ဒသမ ၀၇ ဧက ပေါ်တွင် တည်ဆောက် သွားမည် ဖြစ်သည်။

''ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က စတင် လုပ်ဆောင်သွားမယ်၊ ၅ နှစ်အတွင်း အပြီးတည်ဆောက် သွားမယ်၊ အထက်မြန်မာပြည် ဒေသက လမ်းပန်း ဆက်သွယ်ရေး အားဖြင့် နည်းနည်း ခက်ခဲတယ်၊ နောက်တစ်ခုက ဒေသရဲ့ပြည်သူ လူထုတွေ က ပညာရေးအားဖြင့် ပြောရရင် နည်းနည်း နိမ့်ကျ နေသေးတယ် ၊ ဗုဒ္ဓစာပေတစ်ခု ထဲကို သင်ယူရုံနဲ့ မဟုတ်ဘဲ ခေတ်အမြင်ပါ ပေါင်းကူးပြီးတော့ သင်ကြားတဲ့ ပညာရေး စနစ် လိုအပ်လာတယ်၊ ဒါကြောင့် အထက် မြန်မာပြည်မှာ ဗုဒ္ဓရဲ့ ဓမ္မတွေကို အခြေခံတဲ့ နိုင်ငံတကာက လက်ခံနိုင်တဲ့ ပညာရေးစနစ် ကျောင်းတော် တစ်ခုလိုအပ်တယ်၊ အဲနှစ်ခု ပေါင်းကူးသွားတဲ့ ပညာရေးစနစ် ဖော်ဆောင်တာ၊ အဓိက ကတော့ အနာဂတ် ကာလမှာ တိုင်ပြည်ရဲ့ လူသား အရင်းအမြစ်တွေ၊ အဲ လူသား အရင်းအမြင် တွေက အစွန်းရောက်တဲ့ လူသား အရင်းအမြစ် တွေ မဖြစ်ဘဲနဲ့ ဗုဒ္ဓရဲ့ နည်းလမ်းအတိုင်း အလယ်အလတ် လမ်းက သွားနိုင်မဲ့ ပညာတတ် တွေ မွေးထုတ်ပေးဖို့ပါ " ဟု IBEC ဆရာတော် ဦးသောဘိတ မှ မိန့်ကြားသည်။

ယင်း ကျွန်းလှမြို့ ဗုဒ္ဓတက္ကသိုလ် ကြီးအား မြေဧရိယာ ၃၀ ဒသမ ၀၇ ဧက ပေါ်တွင် ယူရိုတ်ပုံစံ တည်ဆောက်သွား မည်ပြီ၊ပေ (၂၈၀×၂၀၀) အကျယ် အဝန်းရှိမည့် ဘွဲ့နှင်းသဘင် ခန်းမဆောင်ပါ သုံးထပ် အဆောက်အဦး တစ်လုံး၊ ပေ (၆၀ × ၈၀) အကျယ်အဝန်း ရှိမည့် နှစ်ထပ် စာသင်ဆောင်၊ နှစ်ထပ် ကျောင်းဆောင် ၁၈ လုံး စသည့် တို့ကို တည်ဆောက် သွားမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျ ငွေမှာ ကျပ်သိန်းပေါင်း ၁ သိန်း ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆရာတော်မှ မိန့်ကြားသည်။

ထို့သို ကျွန်းလှမြို့ တွင် သီတဂူ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သဖြင့် စေတနာရှင် အလှူရှင် များအ နေဖြင့် ဆက်သွယ်လှူဒါန်း လိုပါက ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး ကော်မတီ ၀၉ ၄၀၂၆၃၃၄၈၆၊ ၀၉ ၄၀၂၅၆၃၁၁၆ ထံသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger