www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Yohei SASAKAWA အား လက်ခံတွေ့ဆုံစဉ်။

.
တပ်မတော်အနေဖြင့် NCA လက်မှတ် ရေးထိုးထားရှိမှု အခြေအနေများကို ယုတ်လျော့ ပျက်စီးစေမည့် ကိစ္စရပ်များအား လက်ခံမည် မဟုတ်ဘဲ ပိုမိုတိုးတက်မှု များရရှိအောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်ကို ကိုယ်စားပြုသည့် ပြည်ထောင်စု တပ်မတော်ဖြစ် သည်နှင့်အညီ ပေးအပ်ထားသည့် ကတိကဝတ်များကို ထိန်းသိမ်းလျက် ရှိပြီးနိုင်ငံတော် အစိုးရ၏ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊မြန်မာနိုင်ငံ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Yohei SASAKAWA ဦးဆောင် သောအဖွဲ့အား ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။
.
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး H.E. Mr. Yohei SASAKAWA နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
.
ထိုသို့တွေ့ ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေး သင်တန်းနှင့် ချစ်ကြည်ရေးခရီး သွားရောက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် နိပွန်ဖောင်ဒေးရှင်းမှ ပါဝင်ကူညီမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
.
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာအထူး ကိုယ်စားလှယ် ဖြစ်သူ H.E. Mr. Yohei SASAKAWA တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။
.

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger