www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 16, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာ ဌာန၏ အင်ဂျင်နီယာချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာ ဌာန၏ အင်ဂျင်နီယာချုပ် Mr. Long Hong Shan အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းစီမံရေးရာ ဌာန၏ အင်ဂျင်နီယာချုပ် Mr. Long Hong Shan တို့အဖွဲ့ဝင် များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သိပ္ပံနည်းပညာ နှင့် စက်မှုလုပ်ငန်း စီမံရေးရာဌာန၏ အင်ဂျင်နီယာချုပ် Mr. Long Hong Shan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း စီမံရေးရာဌာန ၏ အင်ဂျင်နီယာချုပ် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် လေ့လာ သုတေသနပြု လုပ်ငန်းများ၏ အရေးပါမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံ ပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း စီမံရေးရာဌာန၏ အင်ဂျင်နီယာချုပ် တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger