www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 20, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) သံတွဲမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၀-၂-၂၀၁၇

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ များနှင့် ဟိုင်းကြီးကျွန်းမြို့ တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် သံတွဲမြို့နယ်၊ သပြုချိုင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၆၈၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၁ ဦး၊ ခွဲစိတ်ရောဂါ ၉၇ ဦး၊ ကလေးရောဂါ ၇၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၈၉ ဦး၊ နား/နှာခေါင်း /လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၉၃ ဦးနှင့် သွားရောဂါ ၈ဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ သွားရောဂါ လူနာ ၆ဝ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၆ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၆၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၃၃ ဦးအား ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger