www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 20, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ၊ ကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်


၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ 
ဗိုလ်ချုပ် ထွန်းထွန်းညီ ကရာတေးဒို ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် 
ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းအား ဆုပေးအပ်စဉ်

နေပြည်တော် ၊ ၂၀-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက် ကျင်းပပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၌ လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (ဃ)၌ လည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲ နှင့်အမျိုးသား၊ အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (ခ) ၌လည်းကောင်း၊ ရေကူး အားကစား ပြိုင်ပွဲကို ဇေယျာသီရိ ရေကူး အားကစားရုံနှင့် ဝူရှူးပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အားကစားရုံ၌ လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ များသို့ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ထို့အတူ ၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးဒို ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ အားကစားရုံ၌ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်များ ဖြစ်ကြသည့် လူသစ်တန်း ၅၅ ကီလိုအောက် (ကုမိတဲ့)၊ အကြီးတန်း ၆ဝ ကီလိုအောက် (ကုမိတဲ့)၊ လူသစ်တန်း ၆၇ ကီလိုအောက် (ကုမိတဲ့)နှင့် အကြီးတန်း အသင်းလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင် ကြသည်။

တိုက်ကွမ်ဒိုပြိုင်ပွဲ ယှဉ်ပြိုင်စဉ်

ဝူရှူးပြိုင်ပွဲ ယှဉ်ပြိုင်စဉ်

ရေကူးပြိုင်ပွဲယှဉ်ပြိုင်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ထွန်းထွန်းညီ က တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းအား တံခွန်စိုက်ဒိုင်းဆု အား ချီးမြှင့် ပေးအပ်သည်။

ယင်းနောက် ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိသည့် အသင်းများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များက ဆုများအသီးသီး ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger