www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 14, 2017

အကျိုးစီးပွားဆိုသည် လူတိုင်းတွင်ရှိသော်လည်း နှစ်ဖက်မျှပြီး စဉ်းစားလုပ်ဆောင်ခြင်းဖြင့် မည်သည့်ပူးပေါင်း ဆောင်ရွက်မှုမျိုးမဆို အောင်မြင်မည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ 
ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Pisanu Suvanajata အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၄-၂-၂၀၁၇

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် မိတ်ဆွေနိုင်ငံ များ၏ အားပေး ကူညီမှုသည်လည်း အရေးကြီးကြောင်း၊ မိမိနိုင်ငံ၏ ၂ဝ၁၁ ခုနှစ် ပြုပြင် ပြောင်းလဲမှု များနှင့် ရွေးချယ်ခံ အစိုးရတာဝန် ထမ်းဆောင်ချိန်တွင် ထိုင်းနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု များမှာ တန်ဖိုးရှိကြောင်း၊ အကျိုးစီးပွား ဆိုသည် လူတိုင်းတွင် ရှိသော်လည်း နှစ်ဖက်မျှပြီး စဉ်းစား လုပ်ဆောင်ခြင်းဖြင့် မည်သည့် ပူးပေါင်း ဆောင်ရွက်မှုမျိုး မဆို အောင်မြင်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E.Mr.Pisanu Suvanajata အား ယနေ့နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် အတူ ဒုတိယအတွင်းဝန် Mr.Jatuchatra Chommai ၊ ထိုင်းဘုရင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၌ ၅ နှစ်နီးပါး တာဝန်ထမ်းဆောင် ချိန်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု သိသာစွာ တိုးတက် လုပ်ဆောင်နိုင်မှု အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ ယင်းအချိန်ကာလ အတွင်း မိမိနိုင်ငံ အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို စတင်ပြောင်းလဲ ခဲ့ချိန်ဖြစ်၍ အခက်အခဲ များနှင့် စိန်ခေါ်မှု များစွာကို ရင်ဆိုင် ကျော်လွှားခဲ့ ရကြောင်း၊ ယခု ဒုတိယသက်တမ်း ကာလသို့ ရောက်ရှိပြီဖြစ်၍ အတော်အတန် တည်ငြိမ်မှု ရရှိပြီဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ပိုမိုတိုးတက် ကောင်းမွန်လာသည့် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး သည်လည်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အရေးပါပြီး အထောက်အကူ ဖြစ်စေကြောင်း ဦးစွာ ပြောကြားသည်။

ထို့နောက် ဧည့်သည်တော် သံအမတ်ကြီးက ၅ နှစ်ခန့် တာဝန်ထမ်းဆောင် ချိန်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား၊ ပြည်သူလူထုများ အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက် မှုများ အောင်မြင်ရန် အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ တပ်မတော်၏ တာဝန် ထမ်းဆောင်မှု ကိုလည်း အသိအမှတ် ပြုကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန် သတင်း ဖလှယ်မှု၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့် နယ်စပ် ဖြတ်ကျော်မှုခင်း တားဆီးနှိမ်နင်းရေး ကိစ္စရပ် များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း တိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တပ်မတော်တိုင်း သည် နိုင်ငံတော်နှင့် ပြည်သူလူထုကို လုံခြုံအောင် ကာကွယ်ရန် တာဝန်ရှိကြောင်း၊ လက်ရှိတွင်လည်း ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ တပ်မတော်သည် အာဏာကို ကိုင်စွဲထားသည့် အဖွဲ့အစည်းမဟုတ်ဘဲ နိုင်ငံကို ကာကွယ်သည့် အဖွဲ့အစည်းသာ ဖြစ်သည် ဆိုသည့် ခံယူချက်ကို ခိုင်မာစွာ ခံယူတည်ဆောက် ၍ လုပ်ဆောင် နေကြောင်း ၊ တိုင်းပြည်၏ နိုင်ငံရေးတည်ငြိမ်မှု အပိုင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး အပိုင်းတို့တွင် အောင်မြင်မှု ရရှိစေရန် တပ်မတော် အနေဖြင့် ရွေးချယ်ခံ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက် နေကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ပြည်နယ် အခြေအနေမှန်ကို သိရန်လိုကြောင်း ၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ရိုးရိုးသားသား ဆောင်ရွက် နေကြောင်း ၊ နစ်နာစေလိုစိတ် မရှိကြောင်း ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များ ကိုလည်း မပစ်ပယ်ကြောင်း၊ မိမိနိုင်ငံ၏ ဥပဒေနှင့်အညီ ဖြစ်သင့် ဖြစ်ထိုက် သည်များကို လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော်လည်း အခြားဘာသာ များကို လွတ်လပ်စွာ ကိုးကယ်ခွင့်ပြု ထားကြောင်း ၊ ဘာသာရေးကို နိုင်ငံရေး အလို့ငှာ အသုံးချမှု မဖြစ်သင့်ကြောင်း ၊ ထိုသို့ မဖြစ်စေရန်သာ ထိန်းသိမ်း နေကြောင်း ပြောကြားရာ ဧည့်သည်တော် သံအမတ်ကြီးက ရခိုင်ပြည်နယ် အရေးကို ယုံကြည်မှု တည်ဆောက်ပြီး မှန်ကန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ရခိုင်ဒေသရှိ အခြေအနေမှန်၊ ဖြစ်စဉ်မှန် များကိုလည်း အများ သိရှိစေရန် မျှဝေသွားမည် ဖြစ်ကြောင်း ဖြင့် ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page