www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 20, 2017

အမေရိကန်နိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာအဆင့်မီ ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် မြန်မာ့ကော်ဖီကို အထူးတန်းဝင် ကော်ဖီအဖြစ် သွားရောက်ပြသမည်



ရန်ကုန် ၊ ၂၀-၂-၂၀၁၇

အမေရိကန်နိုင်ငံ Seattle မြို့၌ ဧပြီလတွင် ကျင်းပမည့် နိုင်ငံတကာ အဆင့်မီ ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲ၌ မြန်မာ့ကော်ဖီကို အထူးတန်းဝင် ကော်ဖီအဖြစ် ဒုတိယ အကြိမ်မြောက် သွားရောက် ပြသသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်ထံ မှ သိရသည်။

အဆိုပါ ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲတွင် ပြသနိုင်ရန် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကော်ဖီ အရည်အသွေး ပြိုင်ပွဲတစ်ခု ကျင်းပသွားမည် ဖြစ်ကာ ယင်းပြိုင်ပွဲ၌ အဆင့် (၁)မှ (၁ဝ) အထိဝင်သည့် ကော်ဖီ များကို ဧပြီလတွင် အမေရိကန် နိုင်ငံ၌ ကျင်းပမည့်ပြပွဲတွင် သွားရောက်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွာငံမြို့၌ ကျင်းပမည့် ကော်ဖီပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သူများ မျှတမှုရှိစေရန် ကုတ်စနစ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကာ ဘက်လိုက်မှု မရှိစေရန် နိုင်ငံတကာမှ အကဲဖြတ်ဒိုင် များက အကဲဖြတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

''ရွာငံမြို့မှာ ဒီလအတွင်း ပြုလုပ်မယ့်ပွဲက အဆင့် (၁) ကနေ (၁ဝ)အထိ ဝင်တဲ့ကော်ဖီ တွေကို ဧပြီလ အတွင်းမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အထူးတန်းဝင် ကော်ဖီအဖြစ် သွားရောက်ပြသ သွားမှာပါ။ ဒီနှစ် အမေရိကန် ကိုသွားမှာက ဒုတိယအကြိမ် မြောက်သွားရောက် ပြသခြင်း ဖြစ်ပါတယ်''ဟု ဦးရဲမြင့် က ပြောသည်။

မြန်မာနိုင်ငံမှ ကော်ဖီနမူနာ ၆ဝ ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက အမေရိကန် နိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာအဆင့် ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ပထမအကြိမ် အဖြစ် သွားရောက် ပြသခဲ့ရာ မြန်မာ့ကော်ဖီ နမူနာ ၅၆ မျိုးကို အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ခံရသည့် အတွက် ယခုနှစ်တွင် သွားရောက်ပြသ ရခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger