www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 16, 2017

(၂၄)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး (က)အဆင့်တွင် အသင်းလိုက် အကောင်းဆုံးဆုရရှိသည့် 
ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းအား ဆုချီးမြှင့်စဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် ကြသည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက ၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော်( ကြည်း၊ ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ဂ)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း နှင့်ပထမဆု ရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ ကိုလည်းကောင်း၊ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆု ရရှိသည့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆု ရရှိသည့် အမှတ် (၉၉)ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆု ရရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၃) တပ်ခွဲ စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို လည်းကောင်း၊ (က)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် အထူးဆု(၂) ရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု(၁) ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း ခေါင်းဆောင်တို့ကို လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

ဆက်လက်၍ အသင်းလိုက်ဆု များကို ပေးအပ်ချီးမြှင့်ရာ (ဂ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂) တပ်ခွဲ စစ်တီးဝိုင်း အသင်း၊ အထူးဆု(၁) ရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ တတိယဆု ရရှိသည့် အမှတ်(၁)စစ်အခြေ ခံလေ့ကျင့်ရေးတပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် ပထမဆု ရရှိသည့် တပ်မတော် ဆေးတက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်း ကောင်း၊ (ခ)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု (၁)ရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းနှင့် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်းကောင်း၊ (က)အဆင့်တွင် အသင်းလိုက် အထူးဆု(၂) ရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အထူးဆု(၁) ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း နှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ကို လည်းကောင်း ဆုများအသီးသီး ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ (၇၂)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၄)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ ယမန်နေ့ထိ ကျင်းပပြုလုပ် ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း ၅၈ သင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger