www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 2, 2017

မြို့ဝင်ကြေး ပြန်လည်ကောက်ခံရန် ဧပြီလအတွင်း ဆုံးဖြတ်သွားမည်



ရန်ကုန် ၊ ၂-၂-၂၀၁၇

ရန်ကုန်မြို့ အတွင်းသို့ ဝင်ရောက်မည့် နယ်ကားများကို မြို့ဝင်ကြေး ပြန်လည် ကောက်ခံရန် ဧပြီလအတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြို့ဝင်ကြေး ကောက်ခံခြင်းသည် အစိုးရ၏ ဘတ်ဂျက်နှင့် သက်ဆိုင် သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဆွေးနွေးခြင်းနှင့် အစိုးရအဖွဲ့ဝင်များ ဆွေးနွေးခြင်းတို့ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်မည် ဖြစ်ကာ ယခင်က ရန်ကုန်မြို့၌ မြို့ဝင်ကြေး ကောက်ခံခြင်းကို သုံးလကျော် ဆောင်ရွက်ပြီး ပြန်လည်ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ကြေး ကောက်ခံခြင်းသည် ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရန် ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်သော်လည်း ယာဉ်အသုံးပြု သူများအတွက် ကုန်ကျစရိတ် ပိုမိုများပြား နိုင်ပြီး အလုပ်ပို စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက သုံးသပ်သည်။

၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်း ကလည်း မန္တလေးမြို့၌ မြို့ဝင်ကြေး ကောက်ခံခြင်းကို ရန်ကုန်မြို့ ကဲ့သို့ စတင်ခဲ့ရာ အများစု၏ ဝေဖန် ပြောဆိုမှု များကြောင့် လေးရက်သာ ကောက်ခံပြီး ရပ်ဆိုင်းခဲ့ရကာ ယခင်ပုံမှန် ကောက်ခံ နေသည့် လမ်းတံတား အသုံးပြုခ မြို့ဝင်ဘီးခွန် များကိုသာ ဆက်လက် ကောက်ခံလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger