www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 25, 2017

TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိရှင်းလင်း



နေပြည်တော် ၊ ၂၅-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ္မတူမြို့အနီး၌ တပ်မတော် စစ်ကြောင်းသည် လမ်းလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁ဝ နာရီခန့်တွင် နမ္မတူမြို့ အနောက်မြောက် ဘက် ၆ မိုင်ခန့်အကွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အဝေးထိန်းစနစ်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ခြောက်လုံး၊ စနက်တံခြောက်ခု၊ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံးနှင့် ဆက်စပ်ပစ္စည်း များကို တွေ့ရှိရှင်းလင်း ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မိုင်းများအား သက်မဲ့ပြုလုပ် နိုင်ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger