www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 25, 2017

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ မောင်တောမြို့သို့ ရောက်ရှိ


မောင်တော ၊ ၂၅-၁-၂၀၁၇

အင်ဒိုနီးရှား နိုင်ငံမှ မောင်တော ခရိုင်အတွက် ထောက်ပံ့လှူဒါန်း သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများသည် ယနေ့နံနက် ၉ နာရီတွင် မောင်တောမြို့ ကညင်ချောင်း ဆိပ်ကမ်းသို့ ရောက်ရှိသည်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများကို စိန်ရ နှင့် သိန်းသန်းလှိုင် အမည်ရှိ သင်္ဘောများနှင့် စစ်တွေဆိပ်ကမ်း မှ မောင်တော ဆိပ်ကမ်းသို့ သယ်ဆောင် လာခြင်းဖြစ်ပြီး ဂျုံ ၂၁၄၆ အိတ်၊ ခေါက်ဆွဲခြောက် ထုပ် ၅၄ဝဝ၊ အာဟာရမှုန့် အိတ် ၁ဝ၅ဝ နှင့် ပုဆိုး ၃၅ အိတ်တို့ ဖြစ်ကြောင်း သိရသည်။

''ဒီထောက်ပံ့ရေး ပစ္စည်းတွေကို သင်္ဘောနှစ်စင်းနဲ့ ဆိပ်ကမ်းကနေ ပင်လယ်ကို ဖြတ်ပြီး မေယုမြစ်အတိုင်း မောင်းနှင်သယ်ယူ ခဲ့ပါတယ်။ အခု မောင်တော ဆိပ်ကမ်းကို ရောက်တော့ တာဝန်ရှိသူတွေ ဆီကို စနစ်တကျ အပ်နှံခဲ့ပါ တယ်'' ဟု စိန်ရသင်္ဘော ၏ ပဲ့နင်းဖြစ်သူ ဦးခင်မောင်ရီ ပြောသည်။

မောင်တောခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်က ''ဒီနေ့ နံနက်ပိုင်းမှာ အင်ဒိုနီးရှား အစိုးရက ထောက်ပံ့တဲ့ ပစ္စည်းတွေ သင်္ဘောနှစ်စင်းနဲ့ မောင်တောကို ရောက်ရှိပါတယ်။ အဲဒီသင်္ဘော နှစ်စင်းမှာ တစ်အိတ်ကို ၁၃၆ ဘူးပါတဲ့ ဂျုံအိတ်၂၁၄၆ အိတ်၊ တစ်အိတ်ကို အထုပ် ၃ဝဝ စီပါတဲ့ အာဟာရမှုန့် အိတ် ၁ဝ၅ဝ၊ တစ်ဖာကို အထုပ် ၄ဝ စီပါတဲ့ ခေါက်ဆွဲခြောက် ထုပ် ၅၄ဝဝ နဲ့ တစ်အိတ်ကို အထည် ၂ဝဝ စီပါတဲ့ ပုဆိုးအိတ် ၃၅ အိတ် ပါဝင်ပါ တယ်။ အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို ဒီနေ့ပဲ သင်္ဘောပေါ်ကချပြီး စုရပ်ဖြစ်တဲ့ ကြိမ်ချောင်း မှာစုပုံမှာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ INGO နဲ့ NGO တွေ၊ ရပ်မိရပ်ဖတွေ အပါအဝင် CSO အဖွဲ့တွေ ကိုဖိတ်ခေါ်ပြီး ကျီးကန်းပြင်နဲ့ ကြိမ်ချောင်းကြား က စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး အခက်အခဲ တွေ့နိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို ဦးစားပေး ဖြန့်ခွဲနိုင်ဖို့ ကွင်းဆင်းစီမံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟုပြောသည်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများကို မောင်တောဒေသရှိ နှစ်ဖက်လူမှု အသိုင်းအဝိုင်း အတွက် စနစ်တကျ ခွဲဝေထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger