www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 13, 2017

ဇန်န၀ါရီ ၁၀ ရက်တွင် RB News Website ၌ ထပ်မံပါရှိခဲ့သည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မမှန်မကန် သတင်းလွှင့်ထုတ်ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ


၂၀၁၇ ဇန် ၁၂၁၃၀၀ ချိန် နဗဟ(၂) စကခ(၁၅) နှင့် နခခ(၂) မှ ပူးပေါင်းအဖွဲ့ဖြင့် ကျားခေါင်းတောင်ကျေးရွာသို့ သွားရောက်၍ RB News Website နှင့် ပတ်သက်၍ စိစစ်မေးမြန်းမှု မှတ်တမ်းဓာတ်ပုံ


RB News Website သတင်းပါ အကြောင်းအရာနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများမှ အာမခံလက်မှတ် ရေးထိုးမှုမှတ်တမ်း

နေပြည်တော် ၊ ၁၃-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျားခေါင်းတောင် ကျေးရွာ၌ ဇန်နဝါရီ ၈ ရက်တွင် နယ်မြေခံတပ်မှ တပ်မတော်သား များက ကော်ရီမူလ္လာ (ဘ) ရှာဟာတူလ္လာ ဆိုသူကို တစ်ညလုံး ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ပြီး လက်နက်များ သိုဝှက်ထားသည့် နေရာများကို ပြောခိုင်းကြောင်း နှင့် နှိပ်စက် မခံချင်ပါက ငွေကျပ် ၁ဝ သိန်းပေးရန် တောင်းဆို သဖြင့် ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရကြောင်းကို ဇန်နဝါရီ ၁ဝ ရက်တွင် အဆိုပါ RB News Website ၌ ရေးသားဖော်ပြ ခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျားခေါင်းတောင် ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွာသားများ ရှေ့မှောက်၌ တပ်မှ ဖမ်းဆီးရိုက်နှက် ငွေတောင်းခြင်း ခံရသူ ကော်ရီမူလ္လာ ကို စစ်ဆေး မေးမြန်းခဲ့ရာ တပ်မတော် စစ်ကြောင်းများက လူမဆန်စွာ ရိုက်ခြင်း၊ ငွေကျပ် ၁ဝ သိန်း ပေးခဲ့ရခြင်း မရှိကြောင်းနှင့် ၄င်းဖြစ်စဉ် မှာလည်း ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို ကျေးရွာမှ တာဝန်ရှိသူ များနှင့် ဒေသခံများက ဝန်ခံကတိ လက်မှတ်ရေးထိုး ၍ ထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အပြင် ဖော်ပြပါပုံ၌ ကော်ရီမူလ္လာ မှာလည်း ညှဉ်းပန်းနှိပ်စက် သည့် ဒဏ်ရာများ ရရှိထားခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိရသည်။ RB News Website အနေနှင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များ တွင် မမှန်မကန် ရေးသား ဖော်ပြမှုများကြောင့် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မှန်ကန်မှု မရှိကြောင်းကို မြဝတီ ရုပ်မြင်သံကြားနှင့် မြဝတီသတင်းစာ တို့၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသ အတွင်း အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့ အတွက် ဥပဒေနှင့်အညီ တာဝန်ရှိ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ နယ်မြေဒေသ တည်ငြိမ် အေးချမ်းစေရန် လုပ်ဆောင်လျက် ရှိပြီး ထိုသို့ လုပ်ဆောင်မှု များကိုလည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ဖော်ပြလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger