www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 13, 2017

လောက်ကိုင်မြို့နယ်အတွင်း ယမ်း ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသည့် အဆောက်အအုံများနှင့် သိမ်းဆည်းရမိ ယမ်းများကို တွေ့ရစဉ်

ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသည့် အဆောက်အအုံများနှင့် သိမ်းဆည်းရမိ ယမ်းနှင့် ဆက်စပ်ပစ္စည်း များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ် အတွင်း၌ ယမ်းများ မြှုပ်ထားကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေ ရှင်းလင်းလျက် ရှိရာ ဇန်နဝါရီ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လောက်ကိုင်မြို့၏ အရှေ့ဘက် မြန်မာ-တရုတ် နယ်နိမိတ်မျဉ်း၏ အတွင်းဘက် မီတာ ၁ဝဝ ခန့်အကွာ၌ အလျား ၄၄ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၁၈ ပေရှိ အုတ်စီသွပ်မိုး ထားသော ယမ်း ထုတ်လုပ်သည့် စက်ရုံအဟောင်း တစ်လုံးနှင့် အလျား ပေ ၄ဝ၊ အနံ ပေ ၂ဝ၊ အမြင့် ၁၆ ပေရှိ အုတ်စီသွပ်မိုး အဆောက်အအုံ သုံးလုံးတို့အား တွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်အား အသေးစိတ်ရှာဖွေ တူးဖော် စစ်ဆေးခဲ့သည်။

ထိုသို့ ရှာဖွေတူးဖော် စစ်ဆေးခဲ့ရာ အဆိုပါစက်ရုံ အဟောင်းနှင့် အဆောက်အအုံ များအနီး လျှိုစောင်းနေရာရှိ မြေကြီးအောက် ၂ ပေခန့် မှ အီမာရှင်း (ယမ်းညှင်း) Emulsion Explosive (LE) အချင်း ၁ ဒသမ ၂ လက်မ၊ အရှည် ၈ လက်မခန့် ရှိ နီညိုရောင် ယမ်းအတောင့် ၂ဝ ပါ အိတ်အကောင်း ၁၂ဝ ထုပ်နှင့် အိတ်အပျက် ၃ဝဝ ထုပ်၊ အီသနော (Ethanol) ၅ဝဝ မီလီလီတာပါ ပုလင်းလေးလုံး၊ အမိုးနီးယား ဆိုလူးရှင်း (Ammonia solution) ၃ဝဝ မီလီလီတာပါ ဘူးတစ်လုံး၊ ဆိုဒီယမ် ကလိုရိုက် (Sodium chloride) ၅ဝဝ ဂရမ်ပါ ဘူးတစ်လုံး၊ အမိုနီယမ်ကလိုရိုက် (Ammonia chloride) ၅ဝဝ ဂရမ်ပါ ဘူးတစ်လုံး၊ ဟိုက်ဒရိုဂျနိတ်တက်တော်လိုဝါမင်း (Hydrogenated Tallowamine) ၂၅ ကီလိုဂရမ်ပါ အိတ် ၃၇ အိတ်၊ ထင်းရှူးဆီခဲ သုည ဒသမ ၂၅ တန်ခန့်၊ ဖယောင်းစေ့ သုည ဒသမ ၂၅ တန်ခန့်နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းစုံ ၃၅ မျိုး စသည့်ယမ်း ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း တို့အား တူးဖော်သိမ်းဆည်း ရမိခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် လောက်ကိုင် ဒေသ၌ MNDAA အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်စက်ရုံနှင့် မူးယစ်ဆေးဝါး စက်ရုံများ တည်ဆောက် ကာ လက်နက်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖြန့်ဖြူး၍ တရားမဝင် စီးပွားရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် အင်အား တည်ဆောက် လာခဲ့မှုများကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသတည်ငြိမ် အေးချမ်းမှု ရှိစေရန် နယ်မြေရှင်းလင်း ခဲ့ရသည်။ ထိုသို့ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၄င်းတို့ဆုတ်ခွာ ထွက်ပြေးစဉ် အဆိုပါ ယမ်းများနှင့် ဆက်စပ်ပစ္စည်း များကို မြေမြှုပ်သိုဝှက် ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တူးဖော်သိမ်းဆည်း ရမိခဲ့သည့် ယမ်းများနှင့် ဆက်စပ်ပစ္စည်း များအား နယ်မြေခံတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် စနစ်တကျ ဖျက်ဆီး သွားမည်ဖြစ်ပြီး အဆိုပါနေရာနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger