www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 23, 2017

နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် KIA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ များက မော်တောင်း ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်တိုက်ခိုက် ခဲ့ရာ ရန်သူသည် အနောက်တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်သူ့ဘက်မှ KIA တပ်ရင်း ၃၆ လည်စည်းပါ ယူနီဖောင်းဝတ် ရန်သူ့အလောင်း ၁ လောင်း၊ အမ် -၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခုနှင့် ၎င်းကျည် ၂၀၀ တောင့်၊ အာပီဂျီဒုံးသီး ၅ လုံး၊ အာပီဂျီပို့ကျည် ၁ တောင့်၊ ဗုံးသီး ၁ လုံး၊ KIA ဘက်တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ KIA တပ်ရင်း ၃၆ တံဆိပ်ပါလည်စည်း ၄ ခု၊ KIA ဘက်တံဆိပ် ၁ စုံ၊ KIA အဆင့်တံဆိပ် ၁ စုံနှင့် KIA ရှာထိုးဦးထုပ် ၁ လုံးတို့ကို ရရှိခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger