www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 23, 2017

တာမိုးညဲမြို့အထွက်၌ လက်နက်/ခဲယမ်း များနှင့် တရားမ၀င်သစ်များ ဖမ်းဆီးရမိ





နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့ အထွက်လမ်းဆုံ၌ တပ်မတော် စစ်ကြောင်းသည် ယာဉ်ဝင်/ထွက်မှု များအား ရှောင်တခင် စစ်ဆေးစဉ် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တာမိုးညဲဘက်မှ တီးမားကျေးရွာ ဘက်သို့ ယာဉ်မောင်း ဦးစိုင်းကျော်ဝင်း (ဘ) ဦးစိုင်းစံထွန်း မောင်းနှင်၍ ဦးသန်းမောင် လိုက်ပါလာသည့် ပါဂျဲရိုး အမျိုးအစား ယာဉ်အမှတ် YGN-7D/----- အား ရပ်တန့်စစ်ဆေးရာ ဦးသန်းမောင်၏ အင်္ကျီအိတ်ကပ် အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်နှင့် ယာဉ်ပေါ်မှ တရားမ၀င် သယ်ဆောင် လာသည့် တမလန်းနှင့် ပိတောက်အမျိုးအစား သစ်ခွဲသားဆိုဒ်စုံ ၇၄၀ ချောင်းတို့ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့်သစ်များအား တာမိုးညဲနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger