www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 6, 2017

မြန်မာ့ပန်းချီပညာ တိုးတက်ပြန့်ပွားရေးအတွက် နယ်လှည့်ပြသသင်ကြားပေး ရာတွင် အလှူရှင်လိုအပ်ချက်ကြောင့် ဆက်လက်ပြသ သင်ကြားပေးရန် ခက်ခဲနေ



မန္တလေး ၊ ၆-၁-၂၀၁၇

မန္တလေးမြို့ရှိ အလင်းတံခါး ပန်းချီ၊ ပန်းပု သင်တန်းကျောင်း အနေဖြင့် အထက် မြန်မာပြည်ရှိ နယ်မြို့များသို့ မြန်မာ့ ပန်းချီပညာ တိုးတက်ရေး အတွက် ပန်းချီကားများ ပြသခြင်း၊ ရက်တိုပန်းချီ သင်တန်းများ သင်ကြားပေးခြင်း များ ဆောင်ရွက်ပေး ခဲ့ပြီး ဆက်လက်၍ နယ်လှည့်ပြသ သင်ကြားပေးရန် အစီအစဉ် ရှိသော်လည်း ပြသမည့်နေရာ စီစဉ်ပေးမည့် နယ်မြေခံ၊ လက်ကမ်း စာစောင်များ ဖြန့်ချိရန် ကုန်ကျမည့် စရိတ်လှူဒါန်းမည့် အလှူရှင် လိုအပ်ခြင်း တို့ကြောင့် ဆက်လက် ပြသနိုင်ရန် ခက်ခဲလျက် ရှိကြောင်း အဆိုပါ သင်တန်းမှ သိရသည်။

လက်ရှိတွင် နယ်လှည့်ပြသရန် အတွက် သင်တန်းကျောင်းမှ ပန်းချီကား များနှင့် ဂျပန်နိုင်ငံ UFJ မှ ပန်းချီကား များလည်း ငှားရမ်း ထားပြီး ဖြစ်ကြောင်း သိရသည်။ ထိုသို့ နည်လှည့်၍ ပန်းချီကားများ ပြသခြင်း၊ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူ များကို ပန်းချီအခြေခံ ပညာများ သင်ကြားပေးခြင်း နှင့် သင်ကြားရာတွင် အချိန် ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်ကြောင်း၊ သင်ကြားပြီးနောက် ၄င်းတို့၏ ပန်းချီလက်ရာ များကိုစုစည်း၍ ပန်းချီပြပွဲ ပြိုင်ပွဲများ ပြုလုပ်ပေးကြောင်း သိရသည်။

နယ်များ၌ ပန်းချီပြသ သင်ကြားရာတွင် ပန်းချီပညာကို လူငယ်များ အများဆုံး စိတ်ဝင်စား၍ လာရောက်သင်ကြား ကြကြောင်း၊ ပန်းချီပညာသည် ပန်းပုပညာ၏ အခြေခံပညာ ဖြစ်သဖြင့် ပန်းပု စိတ်ပါဝင်စားသူ များအနေဖြင့် လည်း ပန်းချီပညာကို သင်ယူ တတ်မြောက်ထားရန် လိုအပ်သည်။

အလင်းတံခါး ပန်းချီ၊ ပန်းပု သင်တန်းကျောင်း အနေဖြင့် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ရွှေဘို၊ ဇီးကုန်း၊ မြို့သာစသည့် နေရာ ခြောက်နေရာ ၌ ပန်းချီကား လှည့်လည် ပြသခြင်း၊ အခြေခံ ပန်းချီပညာ သင်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ကြောင်းနှင့် လက်ရှိအချိန်တွင် ကုန်ကျစရိတ် အခက်အခဲနှင့် အလှူရှင် အခက်အခဲ ကြောင့် ဆက်လက်ပြသ နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger