www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 26, 2017

အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရောက်ရှိ


သီလ၀ါဆိပ်ကမ်း MITT တံတားသို့ အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS KUTHAR ရောက်ရှိစဉ်

နေပြည်တော် ၊ ၂၆-၁-၂၀၁၇

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KUTHAR သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ အိန္ဒိယ စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ CDR KARTHIK MURTHY ဦးဆောင်၍ အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၇ ရက်အထိ သုံးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger