www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 26, 2017

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ


နေပြည်တော် ၊ ၂၆-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော ထိုင်းဘုရင့် တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Chalermchai Sitthisad ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီခွဲတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ပြန်လည်ထွက်ခွာ ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Pisanu Suvanajata ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူ များက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း နေပြည်တော်ရှိ အထင်ကရ နေရာများအပြင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းဈေး သို့ သွားရောက်လေ့လာ ခဲ့ပြီး ဗိုလ်တထောင် စေတီတော်နှင့် ရွှေတိဂုံ စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို ကာ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger