www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 27, 2017

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟိုင်းကြီးကျွန်းမြို့ရှိ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား သွားရောက်တွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ဟိုင်းကြီးကျွန်းမြို့မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား အမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၂၇-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယမန်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်း ရေတပ် အခြေစိုက်စခန်း ဧည့်ရိပ်သာ၌ ကိုကိုးကျွန်းမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ် ကြီးသို့ သွားရောက် ဖူးမြော် ကြည်ညိုသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ပြီး စေတီတော်ကြီးအား ဖူးမြော် ကြည်ညိုသည်။ ယင်းနောက် စေတီတော်ကြီး အတွက် အလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ မှ လက်ခံရယူပြီး စေတီတော်ကြီး ပုံတော်အား ဓမ္မလက်ဆောင် အဖြစ် ပြန်လည် ပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဖောင်တော်ဆိပ် စေတီတော် သို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိရာ ရေတပ်စခန်း ဌာနချုပ်မှူး က ရည်မှန်းချက် အပေါ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်တို့အား ရှင်းလင်း တင်ပြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဟိုင်းကြီးကျွန်း ဆိပ်ခံတံတား တည်ဆောက်မည့် လျာထား မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ကိုကိုးကျွန်းမြို့ ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စဉ်

ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် 
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖူးမြော်ကြည်ညိုစဉ်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ဆေးကုသမှုခံယူနေသူ များကို ကြည့်ရှုအားပေးစကား ပြောကြားစဉ်

ယင်းနောက် ကျွန်းပတ်လမ်း အတိုင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု ကြသည်။

ယင်းနောက် ညနေပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် ဟိုင်းကြီးကျွန်း တပ်နယ်ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က အရာရှိ၊ စစ်သည်များ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို သိရှိပြီး ဂုဏ်ယူ တတ်ရန် လိုကြောင်း၊ တစ်ဦးချင်း၏ လုပ်ငန်း တာဝန်များ ကျွမ်းကျင်နေရန် အတွက် အမြဲ လေ့ကျင့် နေရမည် ဖြစ်ကြောင်း၊ ''လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်'' ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေး ဆောင်ပုဒ် အတိုင်း အမြဲလေ့ကျင့် ဆောင်ရွက်နေ ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးသည် တစ်မနက်၊ တစ်ရက် ဆောင်ရွက်ရခြင်း မဟုတ်ဘဲ အချိန်တိုင်း၊ အခွင့်ရေး ရလျှင် ရသည့် အချိန်တိုင်း အမြဲ လေ့ကျင့် နေရမည် ဖြစ်ကြောင်း၊ ဟိုင်းကြီးကျွန်း ဒေသသည် သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရဖူးသည့် နယ်မြေ ဖြစ်သဖြင့် ကြုံတွေ့ လာချိန်တွင် မိမိတပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်သည်မိသားစု အပါအဝင် ပြည်သူလူထု အား ကူညီ စောင့်ရှောက်ရန်၊ ကာကွယ်ရန် အတွက် နောက်ဆုံး အခြေအနေနှင့် အညီ စီမံချက်များ ပြင်ဆင်ရေးဆွဲခြင်း၊ အခါ အားလျော်စွာ ဇာတ်တိုက် လေ့ကျင့်ခြင်း များအား တိုင်းစစ်ဌာနချုပ် နှင့် တင်ပြပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က သုတရသ စာအုပ်စာစောင် များကို လည်းကောင်း၊ တပ်မတော် အရာရှိကြီး များက စားသောက်ဖွယ်ရာ များနှင့် လက်ဆောင် များကို လည်းကောင်း အသီးသီး ပေးအပ်ပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ရေတပ်စခန်း ဌာနချုပ် အိမ်ထောင်သည် လိုင်းခန်း များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် ဟိုင်းကြီးကျွန်း မြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger