www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 2, 2017

ဧရာဝတီမြစ် သဲသောင်ပေါ်ထွန်းသဖြင့် မြစ်သာမြစ်ရေတင် ရေပေးဝေမှုရပ်ဆိုင်းမည်ကို ဒေသခံတောင်သူများ စိုးရိမ်



မြင်းခြံ ၊ ၂-၁-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် ငါ့နန်းကျေးရွာ အုပ်စု မြစ်သာကျေးရွာတွင် ဆီမီးခုံ မြစ်ရေတင် ရေစုပ်စက် စီမံကိန်း(၂)ရှိရာ မြစ်သာကျေးရွာ၏ ရွာဦးထိပ်တွင် ရေစုပ်စက်များဖြင့် ဧရာဝတီမြစ်မှ ရေကိုစုပ်တင်၍ စိုက်ပျိုးမြေဧက ၄ဝဝ ကျော်ကို ရေပေးသွင်းလျက် ရှိရာ ငါ့နန်း ၊ မြစ်သာ ၊ ညောင်ပင်သာ ၊ ဂွေ့ကြီးနှင့် ဆီမီးခုံကျေးရွာ တို့မှ တောင်သူ လယ်သမားများသည် လယ်ယာစိုက်ပျိုး လုပ်ကိုင်မှု အဆင်ပြေကြသည်။

မိုးစပါး စိုက်ပျိုးရာသီတွင် လယ်မြေများကို မြစ်ရေတင်ပေး ခြင်းကြောင့် စပါးရိတ်သိမ်း ပြီးလျှင် ကုလားပဲ စိုက်ပျိုးခြင်း၊ ကုလားပဲ ရိတ်သိမ်းပြီးလျှင် ဒေသနှင့် ကိုက်ညီသော နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုး ကြသည်။ ထိုသို့ စိုက်ပျိုးနိုင်ရန် မြစ်သာကျေးရွာ ရေစုပ်စက်မှ မြစ်ရေများ အပြည့်အဝ ပေးသွင်းပေး ခဲ့သည်။ မြစ်ရေတင်စီမံကိန်း ၏ အကျိုး ကျေးဇူးကြောင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုး နိုင်သဖြင့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ယခုအခါ ဧရာဝတီမြစ်သည် ရေလမ်းကြောင်း ပြောင်းလဲပြီး သဲသောင်များ ပေါ်ထွန်းလျက် ရှိသဖြင့် ရေစုပ်စက်ဖြင့် မြစ်ရေတင် ရေပေးသွင်းမှု ရပ်ဆိုင်း သွားမည်ကို ဒေသခံတောင်သူ လယ်သမားများက စိုးရိမ်
နေကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger