www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 6, 2017

ဘူးသီးတောင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်သတင်း ဖော်ထုတ်ရရှိ


ဖမ်းဆီးရမိ လက်နက်ကိုင်အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူ နှစ်ဦးကို တွေ့ရစဉ်


နေပြည်တော် ၊ ၆-၁-၂၀၁၇

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ တိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှု သင်တန်းပို့ချသူ နှင့် သင်တန်း တက်ရောက်ပြီးသူ လေးဦးကို လက်နက်များနှင့် အတူ ဘူးသီးတောင် မြို့နယ်၊ မောင်ကြီးတောင် ကျေးရွာ၌ ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖမ်းဆီးရမိသူ များကို ဥပဒေနှင့်အညီ ထိန်းသိမ်း ထားရှိပြီး အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ် ပတ်သက်သည့် သတင်းဆက်များ ရရှိရေး စစ်ကြော ဖော်ထုတ်လျက် ရှိသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များ အရ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ အတွင်းက ဘူးသီးတောင် မြို့နယ်၊ ဒါးပိုင်ဆရာကျေးရွာ ၏ အနောက်ဘက်ရှိ တောင်ကုန်း တစ်ခုတွင် မောင်ကြီးတောင် ကျေးရွာ၊ ဒါးပိုင်ဆရာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဘင်္ဂါလီ ၃ဝ ဦးခန့်နှင့် အတူ အကြမ်းဖက် တိုက်ခိုက်ရေး သင်တန်းအား ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းတို့အား တစ်ဖက်နိုင်ငံသား နှစ်ဦးက အကြမ်းဖက် တိုက်ခိုက်နည်းများ လေ့ကျင့်သင်ကြား ပြသပေးခဲ့ကြောင်း၊ သင်တန်းတွင် သေနတ်ပစ်ခတ် နည်းများနှင့် အခြေခံ သိုင်းပညာ များကို ချင်းသမား ကျေးရွာအုပ်စု၊ ပုလဲတောင် ကျေးရွာ နေ မော်လဝီ အဒူရော်ဇောက် (ဘ) စိစစ်ဆဲ နှင့် တစ်ဖက် နိုင်ငံသား နှစ်ဦးက သင်ကြား ပြသ ပေးခဲ့ကြောင်း၊ အလားတူ အကြမ်းဖက် တိုက်ခိုက်နည်း သင်တန်းများကို မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာအနီး တောင်ခြေရှိ လယ်ကွင်းတွင် ဘင်္ဂါလီ ၁၅ ဦးခန့်နှင့် မောင်ကြီး တောင်ကျေးရွာ ၏ အနောက်ဘက် တောင်ကြားတွင် ဘင်္ဂါလီ ၁ဝ ဦးခန့်တို့ဖြင့် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်း ကလည်းကောင်း၊ ဂေါ်ဒူသာရ အရှေ့ကျေးရွာတွင် ဘင်္ဂါလီ ၁ဝ ဦးခန့်နှင့် ဒါးပိုင်ဆရာ ကျေးရွာရှိ ဆူနာလီ (ဘ) အဘူ ကာဆိမ်း ၏ ဥယျာဉ်ခြံဝင်း၌ ဘင်္ဂါလီ ငါးဦးခန့်တို့ဖြင့် ဇူလိုင်လအတွင်း ကလည်းကောင်း၊ ဆင်အိုးပြင် ကျေးရွာရှိ မာမတ်ရှား (ဘ) အီဗရာဟိန်း ၏ ဥယျာဉ်ခြံဝင်း၌ ဘင်္ဂါလီ ငါးဦးခန့် ဖြင့် နိုဝင်ဘာလအတွင်း ကလည်းကောင်း အသီးသီးဖွင့်လှစ် ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတက်ရောက် နေစဉ်အတွင်း တစ်ဖက်နိုင်ငံသား နှစ်ဦးနှင့် သင်တန်း တက်ရောက်သူ မောင်ကြီးတောင် ကျေးရွာနေ ဆာဒတ်(ဘ) မာတာမိန်တို့က လုပ်သေနတ်များ ပြုလုပ်ရန်အတွက် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသား နှစ်ဦးက သေနတ် ပြုလုပ်ရန် လိုအပ်သည့် အချက်အလက် များတွက်ချက် ပေးပြီး သင်တန်း အတူ တက်ရောက်သူ ဆာဒတ် (ဘ) မာတာမိန်နှင့် မာမောက်ရော်ရှီး (ဘ) မာမောက်ကာဆိန်း တို့နှစ်ဦးက လိုအပ်သည့် ဆက်စပ်ပစ္စည်း များကို ဘူးသီးတောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆန်းသစ် စက်မှုလုပ်ငန်း သို့ သွားရောက် ဝယ်ယူ ခဲ့ကြောင်းနှင့် ဆာဒတ်၊ ကူမူရူးနှင့် တစ်ဖက် နိုင်ငံသားနှစ်ဦး တို့က လုပ်သေနတ် များကို တပ်ဆင်ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ ဇွန်လအတွင်း မောင်ကြီးတောင် ကျေးရွာသား မာမောက်ရှော (ဘ) စိစစ်ဆဲနှင့် ဇော်တူလာယူစွပ် (ဘ) စိစစ်ဆဲ တို့နှစ်ဦးသည် တစ်ဖက်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းမှ နယ်စပ်(စိစစ်ဆဲ)ေ နရာကို ဖြတ်ကျော်ကာ ကြိမ်ချောင်း-ဂုတ်ပိ တောင်ကျော် လမ်းကြောင်းမှ တစ်ဆင့် မောင်ကြီးတောင် ကျေးရွာရှိ မာမတ်ကာယာ (ဘ) အာမီရော်တီ ထံသို့ လုပ်သေနတ် ၁၆ လက်ခန့် လာရောက်ပို့ဆောင် ခဲ့ပြီး မောင်ကြီးတောင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအား စုစည်းထားရှိရန်၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်ခန့်တွင် တစ်ဖက်နိုင်ငံမှ တစ်ဆင့် အကြမ်းဖက် သောင်းကျန်းသူ ၁ဝဝ ဦးခန့်သည် လက်နက်များ ကိုယ်စီ ကိုင်ဆောင်ပြီး လာရောက်မည် ဖြစ်ကြောင်း၊ ၄င်းအဖွဲ့များ ဝင်ရောက်လာပါက စား၊ ဝတ်၊ နေရေး အတွက် မာမတ်ကာယာ၊ မာမတ်ရှားနှင့် လာလူးတို့က တာဝန်ယူပေး ရမည် ဖြစ်ကြောင်း၊ ဘူးသီးတောင်ရှိ တပ်၊ စခန်းများကို လူတိုင်း လက်နက် ကိုင်ဆောင်ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြားကာ တစ်ဖက်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ၄င်းတို့အဖွဲ့အား ငွေကြေးထောက်ပံ့ နေသူမှာ မောင်ကြီးတောင် ကျေးရွာ တာဝန်ခံ မာမတ်ရှား (ဘ) အီဗရာဟိန်း ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေး ဖော်ထုတ်ချက် များအရ မောင်ကြီးတောင် ကျေးရွာတာဝန်ခံ မာမတ်ရှား (ဘ) အီဗရာဟိန်း နှင့် ၄င်း၏ဖခင် အီဗရာဟိန်း (ဘ) အီဒီရက်စ် တို့သည်လည်း အကြမ်းဖက် တိုက်ခိုက်နည်း သင်တန်း တက်ရောက်ပြီး သူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ကြောလျက်ရှိပြီး ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger