www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

ပန်ကွမ်ရွာသား ၂၁ ဦးကို TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်


နေပြည်တော် ၊ ၁၃-၁၂-၂၀၁၆

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာ အုပ်စု ပန်ကွမ်ကျေးရွာ အတွင်းသို့ ဒီဇင်ဘာ ၁၁ ရက်ည ၇ နာရီတွင် ဝင်ရောက်လာပြီး ပန်ကွမ်ရွာသား ၂၁ ဦးအား တပ်သားသစ် အဖြစ် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါရွာသား ၂၁ ဦးတို့၏ အမည်မှာ ဦးငြိမ်း ၆ဝ နှစ်၊ ဦးထွန်းရင် ၅ဝ နှစ်၊ ဦးထွန်းထွန်း ၂၅ နှစ်၊ ဦးစိုင်းသိန်းအောင် (ခ) ဦးစိုင်းစံ ၄၅ နှစ်၊ ဦးအောင်ဖြိုး ၂၅ နှစ်၊ ဦးငြိမ်း ၅ဝ နှစ်၊ ဦးစံလွန်း ၅ဝ နှစ်၊ ဦးအိုက်စိုး ၃ဝ နှစ်၊ ဦးစံဝင်း ၄ဝ နှစ်၊ ဦးအောင်ဆန်း ၄ဝ နှစ်၊ ဦးစိန်အောင် ၄၅ နှစ်၊ ဦးကျင်မြင့် (ခ)ဦးစစ်ပင်း ၆ဝ နှစ်၊ ဦးထွန်းရီ ၅ဝ နှစ်၊ ဦးမောင်ကျန် ၃၅ နှစ်၊ ဦးအောင်ပွင့် ၂၅ နှစ်၊ ဦးအိုက်အွန် (ခ) မောင်ခက် ၆ဝ နှစ်၊ ဦးဆွေလန် ၄၅ နှစ်၊ ဦးကျော်မြင့်ဌေး ၄ဝ နှစ်၊ ဦးအိုက်လွယ် ၃ဝ နှစ်၊ ဦးအောင်ခမ်း ၅ဝ နှစ်၊ အမည်မသိ စိစစ်ဆဲ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger