www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၁၃-၁၂-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ်၊ တပ်မှူး General Zhao  Zongqi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း တို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ်၊ တပ်မှူး General Zhao Zongqi နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang ၊ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တည်ရှိပြီးသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် အကြီးအကဲများ၏ တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ချက် များကို အကောင်အထည် ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေး အတွက် နှစ်နိုင်ငံအစိုးရ နှင့် တပ်မတော် နှစ်ရပ်အကြား တွင် အထက်ဌာနကြီးများ အပိုင်းမှ အောက်ခြေ ဝန်ထမ်းများ အပါအဝင် ပြည်သူများ အဆုံးထိ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနှင့် ရိုးသားမှုများ အပေါ် အခြေခံလျက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် လေးစားမှု၊ ချစ်ကြည်မှု၊ ယုံကြည်မှု  များဖြင့် ဆက်ဆံ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ့ တပ်မတော်၏ အိမ်နီးချင်းနိုင်ငံ တပ်မတော်များနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် ကောင်းမွန် စေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှု အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် တပ်မှူး Senior Colonel Xiong Shaowei တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger