www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

နမ့်ဆန်မြို့၌ TNLA အကြမ်းဖက် သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိ


နေပြည်တော် ၊ ၁၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့ တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် သတင်းအရ ဒီဇင်ဘာ ၁၁ ရက် ည ၁၂ နာရီကျော် ခန့်တွင် နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာရှိ ဒေါ်ငွေတင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေ ရာ ၄င်း၏သားဖြစ်သူ အောင်ဆန်းမြင့် အား တရုတ်နိုင်ငံလုပ် ဗုံးသီးတစ်လုံး နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ TNLA လက်နက်ကိုင် အဖွဲ့သို့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် အတင်းအဓမ္မ စုဆောင်း၍ ဝင်ရောက်ခဲ့ရပြီး နမ့်ဆန်မြို့နယ် ဟူခင်ကျေးရွာ အနီး လျှိုမြောင်ချိုင့်ဝှမ်း အနီး၌ သင်တန်း တက်ရောက် ခဲ့ကြောင်း၊ ဇယ်တုန်းဟုန်း ကျေးရွာနေ အောင်စိန်နှင့် စခန်းသာ ကျေးရွာနေ ကျော်ဝင်း တို့နှင့်အတူ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ လက်နက်မဲ့ ထွက်ပြေးခဲ့ပြီး အနေအထိုင်၊ အစားအသောက် ဆင်းရဲမှုများကြောင့် ထွက်ပြေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာမှ အိမ်ထောင်စု ၂၅ စု လူဦးရေ ၁ဝဝ တို့သည် TNLA လက်နက်ကိုင် အဖွဲ့၏ လူသစ် စုဆောင်းမှုကြောင့် ဒီဇင်ဘာ ၁၁ ရက်ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရပ်ကွက် (၈) ရှိ ဓမ္မစကူးလ် ဓမ္မာရုံသို့ တိမ်းရှောင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger