www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် KIA, MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား


နေပြည်တော် ၊ ၁၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မူဆယ်-လားရှိုး လမ်းမကြီး၏ အနောက်ခြမ်း နမ့်အွမ်ကျေးရွာ ၏ အနောက်ဘက် ၆ မိုင်ခန့်အကွာ၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် အနောက်တောင်ဘက် လျှိုအတိုင်း ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

အလားတူ ယမန်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ကုန်းကြမ်းမြို့နယ်အ တွင်း နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းနှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တို့သည် မာလုရွှေ ကျေးရွာ၏ အနောက် တောင်ဘက် ၂ မိုင်ခန့်အကွာ ၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

ထို့အတူ ယမန်နေ့နံနက် ၉ နာရီ ၁ဝ မိနစ် ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ မုံးဟော်ကျေးရွာ တောင်ဘက် ၂ မိုင်ခွဲခန့်၌ တပ်မတော် စစ်ကြောင်းနှင့် KIA, MNDAA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့မှ အင်အား ၁၅ဝ ဦးခန့် တို့သည် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွား ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပေး၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများသည် အနောက်ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

အဆိုပါ ထိတွေ့မှု ဖြစ်စဉ်များအတွင်း တပ်မတော်မှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ များရရှိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ များဘက်မှ အလောင်း နှစ်လောင်း၊ ရှေ့ထွက်မိုင်း သုံးလုံး၊ M-22 ကျည်အိမ်တစ်ခုနှင့် ၄င်းကျည် ၁၂ တောင့်တို့ကို သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ နယ်မြေ လိုက်လံ ရှင်းလင်းခြင်း များ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger