www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

Microsoft က ကွန်ပျူတာများကို စကားပြောတတ်အောင် လေ့ကျင့်ပေးမည်



ဝါရှင်တန် ၊ ၁၉-၁၂-၂၀၁၆

Microsoft ကုမ္ပဏီက ကွန်ပျူတာများ စကားပြော နိုင်အောင် လေ့ကျင့်ပေးမည့် MS Marco Data Set ကိုအခမဲ့ ထုတ်လုပ်ဖြန့် ချိပြီးစက်ပစ္စည်းနှင့်လူသားတို့ အကြား အပြန်အလှန် ဆက်ဆံမှုကို ပို၍တိုးတက်ေ ကာင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ data set ကို MS Marco ဟု အတိုကောက် ခေါ်ပြီး အပြည့်အစုံမှာ Microsoft Machine Reading Comprehension Data Set ဖြစ်ကြောင်း၊ မေးခွန်းပေါင်း ၁၀၀၀၀၀ ကိုအဖြေနှင့် တကွ ထည့်ထားကြောင်း၊၄င်းဒေတာကို ကွန်ပျူတာ များတွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း၊ ထိုအခါ လူသားတို့ က ကွန်ပျူတာကို နူတ်ဖြင့်ဖြစ်စေ၊ စာရိုက်၍ ဖြစ်စေ ဆက်သွယ်မေးမြန်း ပြောဆိုသောအခါ ယခင်ကထက် ပို၍ အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။ 

" Microsoft အနေနဲ့  အခြား အဖွဲ့ အစည်း တွေနဲ့ အလုပ်လုပ်ရာမှာ သော်လည်းကောင်း၊ စက်ပစ္စည်း တွေရဲ့  ဉာဏ်ရည် အတုကို ပိုကောင်းအောင် ဖန်တီးရာမှာ လည်းကောင်း၊ တိုးတက် ကောင်းမွန်စေတဲ့ ရည်ရွယ်ချက်နဲ့  MS Marco ကိုထုတ်လုပ် ဖြန့် ချိရခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အထိ လူတွေ အမေးအများဆုံး မေးခွန်းတွေကို Microsoft ရဲ့  Bing Search Engine နဲ့  Cortana Virtual Assistant တွေကနေ စုစည်းရယူခဲ့တာ ဖြစ်ပါတယ် " ဟု Microsoft မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အခုအချိန်မှာ အဲဒီဒေတာကို အခမဲ့ download လုပ်ခွင့် ပေးထားပါတယ်။ စီးပွားရေးနဲ့ လုပ်ငန်းအတွက် မဟုတ်ဘဲ တစ်ကိုယ်ရည်သုံး လိုသူတွေ အတွက်ပါ။ အခြားခြားသော လေ့ကျင့်ရေး ဆိုင်ရာ အချက်အလက် တွေကိုလည်း အခုလိုပဲအခမဲ့ ဖြန့် ဝေ သွားပါမယ်။ ဒါပေမယ့် လုပ်ငန်း၊ ကုမ္ပဏီ၊ ရုံး၊ အဖွဲ့ အစည်း တွေကတော့ ကျသင့်တဲ့ အခကြေးငွေ ပေးပြီး ၀ယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

လတ်တလောတွင် Ms Marco ကို Image Net က စတင်အသုံးပြု နေပြီဖြစ်ကြောင်း၊ ကွန်ပျူတာက ဓာတ်ပုံများကို မှတ်မိအောင် လေ့ကျင့်သင်ကြား ပေးနေပြီ ဖြစ်ကြောင်း၊ Microsoft က ဓာတ်ပုံကို မှတ်သားသည့် နည်းပညာအား Microsoft Computer Vision API ဆော့ဖ်ဝဲဖြင့် ဆောင်ရွက်ပေး နေကြောင်း သိရသည်။

Microsoft's new MS MARCO dataset may help AI systems talk like humans

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger