www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်အဖွဲ့ဝင်များ
 မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာအဖွဲ့အား ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၃-၁၂-၂၀၁၆

မြန်မာတပ်မတော် နှင့် လာအိုပြည်သူ့ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက် ဖျော်ဖြေမည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် နေပြည်တော် လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ ဒုတိယ စစ်သံမှူး Lt. Col. Latsamy KEOMIXAY နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ ရှိ လာအိုအမျိုးသား ကဇာတ်ရုံ၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဗီယန်ကျင်းမြို့ ရှိ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဖျော်ဖြေရေးခန်းမ ၌လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗီယန်ကျင်းမြို့ ရှိ စစ်တက္ကသိုလ် ၌လည်းကောင်း ဖျော်ဖြေ တင်ဆက်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ ၏ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အချင်းချင်း သဘောတူညီမှု အရ ယဉ်ကျေးမှု ဖျော်ဖြေပွဲများကို နှစ်နိုင်ငံ အပြန်အလှန် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger