www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ


တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် မှ အနောက်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုစစ်ဌာနချုပ် တပ်မှူး General Zhao Zongqi မဟာမုနိဘုရား၌ ဘုရားဖူးမှတ်တမ်းတင် လက်မှတ်ရေးထိုးစဉ်

နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ အလုပ်သဘော တွေ့ဆုံ ဆွေးနွေးရန် ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အနောက်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ် တပ်မှူး General Zhao Zongqi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ သွားရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန် နှင့် တပ်မတော် အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Col. Xiong Shaowe တို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေးသို့ လှည့်လည်ကြည့်ရှု လေ့လာခြင်း၊ ရွှေတိဂုံဘုရား သို့ လှည့်လည် ဖူးမြော် ကြည်ညိုခြင်း၊ နေပြည်တော်ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် တပ်မတော် စစ်သမိုင်းပြတိုက်၊ မန္တလေးမြို့ရှိ ဦးပိန်တံတား၊ မြနန်းစံကျော် ရွှေနန်းတော်၊ မန္တလေးတောင်၏ နေဝင်ဆည်းဆာ အလှနှင့် မန္တလေးမြို့အတွင်းသို့ လှည့်လည်ကြည့်ရှု လေ့လာခြင်းနှင့် မန္တလေး မြို့ရှိ မဟာမုနိဘုရား သို့ ဖူးမြော်ကြည်ညို ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger