www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

ရေထုညစ်ညမ်းမှုများ ထိန်းသိမ်းရေးအတွက် ရေကြောင်းဆိုင်ရာ အုပ်ချုပ်မှု ကော်မတီကို အမြန်ဆုံးဖွဲ့စည်းသွားမည့် တရုတ်နိုင်ငံ



ပေကျင်း ၊ ၁၃-၁၂-၂၀၁၆

တရုတ်နိုင်ငံသည် လေထု ညစ်ညမ်းမှု သာမက ရေထုညစ်ညမ်းမှု များပါ အညွှန်းကိန်း မြင့်သော နိုင်ငံများထဲတွင် ပါဝင်နေပြီး လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး ပရောဂျက်ကို အကောင်အထည် ဖော်နေပြီ ဖြစ်သော်လည်း ရေထုညစ်ညမ်းမှု  ထိန်းချုပ်ရေး အတွက် အကောင်အထည် ဖော်နေဆဲ ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် လေထုညစ်ညမ်းမှု လျော့ချရေး ပရောဂျက်အတိုင်း ရေထုညစ်ညမ်းမှု ကိုလည်း လျော့ချနိုင်ရန် စတင် အကောင်အထည် ဖော်ရန်အတွက် ရေကြောင်းဆိုင်ရာ အုပ်ချုပ်မှု ကော်မတီကို အမြန်ဆုံးဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန် သွားခဲ့သည်။

ထို့ကြောင့် တရုတ်အစိုးရ အဖွဲ့က ရေထု အရင်းအမြစ် အေဂျင်စီနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ များကို  အစည်းအဝေး ခေါ်ပြီး ရေကြောင်းဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့နှင့် အကြီးအကဲ ခန့်အပ်သွားရန် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာပင် အစည်းဝေး ကျင်းပခဲ့ကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံ ရေထု အရင်းအမြစ် အေဂျင်စီမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဇူဇေးဝမ် က“ကျွန်တော်တို့ နိုင်ငံမှာ လေထုညစ်ညမ်းမှု သာမက ရေထုညစ်ညမ်းမှု အန္တရာယ် ကိုပါ ကြုံတွေ့ နေရပါတယ်၊ လေထု ညစ်ညမ်းမှု ကိုတော့ ဒီနှစ် အစပိုင်းလောက် ကတည်းက စတင်ဆောင်ရွက် ခဲ့တဲ့အတွက် အရှိန်ရနေပြီ၊ ပရောဂျက် ကိုလည်း အောင်မြင်စွာ ဆောင်ရွက်ထား နိုင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ရေထုညစ်ညမ်းမှု နဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး၊ ဒါကြောင့်မို့လို့ ရေထုညစ်ညမ်းမှု တွေကို တိုက်ဖျက်ဖို့အတွက် ရေကြောင်း အုပ်ချုပ်မှုအဖွဲ့နဲ့ အကြီးအကဲကို ခန့်အပ်သွားဖို့ ဆောင်ရွက် နေပါပြီ” ဟု ပြောကြား သွားခဲ့သည်။

တရုတ်နိုင်ငံ၌ ရေထုညစ်ညမ်းမှု အများဆုံး ဖြစ်ခဲ့ရခြင်း အကြောင်းတရားမှာ တရုတ်နိုင်ငံ အတွင်းရှိ စက်မှုဇုန် များသည် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်း၊ ဒေသခံများမှာ အမှိုက်များကို မြစ်ချောင်း အင်းအိုင် အတွင်းသို့ အလွယ်တကူ စွန့်ပစ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရေကြောင်း အုပ်ချုပ်မှုအဖွဲ့က ၎င်းတို့ကို ကိုင်တွယ် ထိန်းချုပ်သွားရန် တာဝန်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger