www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

လူမှုကွန်ယက် စာမျက်နှာ (အွန်လိုင်း)မှ စီးပွားရေး လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်နေမှုအား စိစစ်ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ် လိုအပ်နေ



ရန်ကုန် ၊ ၁၃-၁၂-၂၀၁၆

မြန်မာနိုင်ငံတွင် e-Marketing နှင့် ပတ်သက်၍ လူမှုကွန်ယက် စာမျက်နှာ (အွန်လိုင်း)မှ တစ်ဆင့် စီးပွားရေးလုပ် ငန်းများတွင်ကျယ်စွာ လုပ်ကိုင်လာမှုအား စိစစ်ထိန်းချုပ် နိုင်ရန် ဥပဒေတစ်ရပ် လိုအပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ အရ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရင် မှတ်ပုံတင်ရမယ်။ ဒါ့ကြောင့်မို့ ဒီလုပ်ငန်းတွေ မသိသေးလို့ ဆောင်ရွက်တာ ဖြစ်သလို ကမ္ဘာ့နဲ့အ၀န်း မှာလည်း ဒီလိုလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့ အတွက် ဒါတွေကို ထိန်းကျောင်းနိုင်ဖို့က အွန်လိုင်းကို စိစစ်နိုင်တဲ့ ဥပဒေ လိုအပ်တယ် ” ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှူး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။ 

လူမှုကွန်ယက် စာမျာနှာ (အွန်လိုင်း)၌ စီးပွားရေးလုပ်ငန်း ကြော်ငြာများ တရားမဝင် ထည့်သွင်းရောင်းချ မှုများ သည် ကိုယ်ပိုင် အကောင့်များအပြင် အကောင့်တုများ ဖြင့်လည်း ကြော်ငြာမှုများ ရှိနေခြင်းကြောင့် စိစစ် အကောင်အထည် ဖော် ဆောင်ရွက်ရန် ၆၆(ဃ)နှင့် အကျုံးမဝင် သော်လည်း အွန်းလိုင်းမှ တစ်ဆင့် အခွန်တိမ်းရှောင် နေခြင်းများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“တရားမဝင် ခရီးသွားလုပ်ငန်း တွေကို လူမှုကွန်ယက် စာမျက်နှာအပြင် သတင်းစာမျက်နှာ ထက်တွေမှာ တွင်တွင် ကျယ်ကျယ်နဲ့ လုပ်ဆောင်လာတဲ့ အတွက် ဝန်ကြီးဌာန အနေနဲ့ စိစစ်ပြီးတော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေး သင့်တယ်။” ဟု မြန်မာနိုင်ငံ ပြည်တွင်း ဘုရားဖူးနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဝင် ဦးမျိုးကြီး က ပြောသည်။

တရားမဝင် ခရီးသွားလုပ်ငန်းများ သတင်းစာတွင် ထည့်သွင်း ကြော်ငြာ ဆောင်ရွက် နေခြင်းအား စိစစ်ပေး ရန်နှင့် e-Marketing Strategy ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် လိုအပ်နေကြောင်း ခရီးသွားလုပ် ငန်းရှင်များထံမှ သိရသည်။ လက်ရှိ လူမှုကွန်ယက် စာမျက်နှာတွင် အိမ်သုံးပစ္စည်းများ၊ အမျိုးသမီး အမျိုးသား အသုံးအဆောင်ပစ္စည်းများ၊ ကလေး အသုံးအဆောင်ပစ္စည်းများ၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန် ဆောင်မှုများ အပြင် အခြား စီးပွားရေးလုပ်ငန်း ကြော်ငြာများ ထည့်သွင်းကြော်ငြာ ရောင်းချလျက် ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် e-Marketing နှင့် ပတ်သက်ပြီး အွန်လိုင်းမှ တစ်ဆင့် ဈေးကွက်ရှာဖွေကာ ဝန်ဆောင်မှု လုပ်ငန်း များ ကြော်ငြာထည့်သွင်း ရောင်းချနေမှု များမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုမှုများ ရှိနေခြင်းကြောင့် e-Marketing နှင့် ပတ်သက်သည့် အငြင်းပွားမှု ပြဿနာများ ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger