www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 13, 2016

အသက်သုံးနှစ်အရွယ်တွင် ပြုလုပ်သော ဦးနှောက်စမ်းသပ်မှုဖြင့် ကလေးများ၏ အနာဂတ်ကို ခန့် မှန်းနိုင်



ဝယ်လင်တန် ၊ ၁၃-၁၂-၂၀၁၆

ကလေးငယ်များကို အသက် ၃ နှစ်အရွယ်တွင် ဦးနှောက် စမ်းသပ်မှုများ ပြုလုပ်ကာ ရရှိလာသော အချက်အလက် များကို အသုံးပြု တွက်ချက်ပြီး ၄င်းကလေး၏ အနာဂတ်ကို ကြိုတင်ခန့် မှန်း နိုင်မည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ မှ သုတေသီများက ပြောသည်။ 

အသက်သုံးနှစ် အရွယ်တွင် ဘာသာစကား တတ်မြောက်မှု နှေးနေခြင်း၊ သို့မဟုတ် တတ်မြောက်သည့် အဆင့်နိမ့်နေ ခြင်းသည် ဦးနှောက်ဖွံ့ ဖြိုးမှု နည်းပါးသည်ကို ရည်ညွှန်းကြောင်း၊ ငယ်ရွယ်စဉ် ဘ၀တွင် ဦးနှောက်ကို လှုံ့ဆော်ပေးရန် အားနည်းသည့် အတွက် ဖြစ်နိုင်ကြောင်း၊ ၄င်းကလေးငယ် များသည် ပြစ်မှု ကျူးလွန်သူများ ဖြစ်လာတတ်ကြောင်း ၊ ထို့အပြင် တစ်ပါးသူအပေါ် မှီခိုခြင်း၊  နာတာရှည်ဖျားနာ သူများ ဖြစ်လာခြင်း အစရှိသည့် လူသားများ ဖြစ်လာတတ်ပြီး လူ့ဘောင် လူ့အသိုင်းအ၀ိုင်း အတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ငယ်ရွယ်စဉ် ကလေးဘ၀ ကတည်းက ဦးနှောက်ဖွံ့ ဖြိုး တိုးတက်မှု ကောင်းမွန်အောင် ပြုပြင်လှုံ့ဆော် ပေးရန် မိဘများတွင် တာဝန်ရှိကြောင်း သုတေသီ တစ်ဦးက ပြောသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၊ Duke University မှ သုတေသီများ ကလည်း ဆက်လက် လေ့လာခဲ့ရာ " ကလေးများ ငယ်ရွယ်နုနယ်စဉ် ကာလတွင် မိဘ၏အားပေး ထောက်ပံ့မှုက အရေးပါကြောင်း၊ လိုအပ်သလို ပျိုးထောင်ခဲ့လျှင် ကလေးကြီး လာသောအခါ နိမ့်ပါးသော သူများမဖြစ်အောင် ပြုပြင်ပြောင်းလဲ ပေးနိုင်မည် ဖြစ်ကြောင်း ပြောသည်။ အသက် ၃ နှစ်အရွယ် ကလေးပေါင်း ၁၀၀၀ ထက်မနည်းကို စူးစမ်းလေ့လာ ကြည့်တဲ့အခါ အဲဒီအရွယ်မှာ ဘာသာစကား တတ်မြောက်မှု အားနည်းနေသေး တယ်ဆိုရင် လှုပ်ရှားမှုနဲ့ အသစ်သင်ယူ တတ်မြောက်မှု မှာလည်း နှေးကွေးတာကို တွေ့ ရပါတယ်။ ဒီလို ကလေးတွေက ကြီးလာတဲ့အခါ ပြစ်မှုကျူးလွန် နိုင်ခြေ ၈၀ ရာခိုင်နှုန်း၊ နာတာရှည် ဖျားနာနိုင်ခြေ ၇၈ ရာခိုင်နှုန်းနဲ့  အများသူငါ အပေါ် မှီခိုရှင်သန် နိုင်ခြေ ၆၆ ရာခိုင်နှုန်း ဖြစ်ပါတယ် " ဟု အမေရိကန် သုတေသီတစ်ဦးက ပြောပြသည်။ 

" မပြည့်စုံတဲ့ လူတွေဟာ အစိုးရနဲ့ ပြည်သူ့  ၀န်ဆောင်မှုကို အများဆုံး အသုံးပြုပါတယ်။ ငယ်ရွယ်စဉ်မှာ ဦးနှောက်မဖွံ့  ဖြိုးခဲ့တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ မပြည့်စုံသူတွေ ဖြစ်လာကြပါတယ်။ သူတို့ရဲ့ အနာဂတ်ဟာ မှေးမှိန်နေတတ်ပြီး လူ့ ဘောင် လူ့ အသိုင်းအ၀ိုင်း အတွက်လည်း ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် ပါတယ်။ ဒါကိုပြုပြင်ဖို့  မွေးကင်းစ ကနေအသက် ၃ နှစ်အထိပဲ အချိန်ရပါတယ် " ဟုမွေးကင်းစ အရွယ်တွင် အနေ၊အစား၊ အအိပ် မှန်ကန် စေခြင်းဖြင့် ကလေးငယ်များ၏ အနာဂတ်နှင့် သာယာလှပသော လူ့ ဘောင် လူ့ အသိုင်းအ၀ိုင်း အတွက် မိဘတစ်ဦးချင်းစီ၌ တာဝန်ရှိပုံကို ၄င်းက ဖြည့်စွက် ရှင်းပြသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger