www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 1, 2016

နှစ် ၃၀ ကျော်အတွင်း သကာရည်ဈေး အမြင့်ဆုံးရောက်ရှိမှုကြောင့် မန္တလေးသကြားစက်ရုံများ အခက်အခဲ ဖြစ်ပေါ်နေ



မန္တလေး ၊ ၁-၁၂-၂၀၁၆

နှစ် ၃၀ ကျော်အတွင်း ပွတ်သား (သကာရည်) ဈေးအမြင့်ဆုံး ရောက်ရှိမှုကြောင့် မန္တလေးမြို့ရှိ ပေါင်းသကြား စက်ရုံများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ သိရသည်။

လက်ရှိတွင် သကာရည် ချက်လုပ်သူ နည်းပါးသွားခြင်း၊ တရုတ်နိုင်ငံသို့ ခါသကြား တင်ပို့သည့် ဝယ်လက်များနှင့် ထန်းလျက်  ချက်လုပ်သည့် ဝယ်လက်များ ကလည်း သကာရည်ကို အပြိုင်ဝယ်ယူလျက် ရှိသည့်အတွက် သကာရည်ဈေး အမြင့်ဆုံးသို့ ရောက်ရှိလျက် ရှိကြောင်း အဆိုပါ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောပြသည်။

''အခု ဒီနှစ်အတွက်တော့ စက်ရုံတွေ စပြီးမလည်နိုင်ကြ သေးဘူး။ ရပ်ထားကြတယ်။ လာမယ့်နှစ် ဇန်နဝါရီလ သကာရည် လှိုင်လှိုင်ပေါ်တဲ့ အချိန်မှ စက်လည် ဖြစ်မယ်။ သကြားအကြမ်း တင်သွင်းခွင့် ရရင်တော့ အဆင်ပြေမယ် '' ဟု ၄င်းက ပြောပြသည်။

လက်ရှိတွင် ပွက်သား (သကာရည်) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀ ခန့်ရှိနေပြီး နှစ်ပေါင်း ၃၃ နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိနေကာ ပေါင်းသကြား ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၄၃ဝ မှ ၁၄၅ဝ ခန့်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလလယ် ခန့်တွင် သကြားသစ် ပေါ်မည်ဖြစ်ပြီး လက်ရှိတွင် သကြားဈေးနှုန်း မှာ အနည်းငယ် အေးလျက် ရှိကြောင်း သိရ သည်။

''မူဆယ်ဘက်ကို ဒီကကားတွေ မတက်နိုင်တော့ ဈေးက တက်နေတာပါ။ သကြားအသစ် ပေါ်ရင်တော့ ဈေးက ပြန်ကျသွားမှာပါ'' ဟု ပြည့်ဝင်းမောင် သကြားစက် ပိုင်ရှင်က ပြောပြသည်။

သကြားသစ် ပေါ်ပါက သကြား တစ်ပိဿာလျှင် ငွေကျပ် ၁၂၅ဝ ခန့်ထိ ဈေးကျသွားနိုင်ပြီး လက်ရှိ မူဆယ်တွင် သကြား တစ်အိတ်လျှင် တရုတ်ယွမ်ငွေ ၂၅၀ ခန့်ထိ ဈေးရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်က မန္တလေးမြို့၌ သကြား စက်ရုံပေါင်း ၇ဝ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ သကြား ထုတ်လုပ်မှု ၅ဝ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေး နိုင်ခဲ့ကာ လက်ရှိတွင် သကြားစက်ရုံ ၁၅ ရုံ ခန့်သာ ကျန်ရှိတော့၍ မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေး နိုင်တော့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger