www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

မောင်တောမြို့နယ်အတွင်း မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိ


သိမ်းဆည်းရမိ ပြောက်ကျား ယူနီဖောင်းစများကို တွေ့ရစဉ်

သိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် လိပ်အိုင်ကျေးရွာ၏ အနောက်ဘက် မီတာ ၂ဝဝ ခန့်အကွာရှိ ဓနိတောအတွင်းမှ အလျား ပေ ၉ဝ အနံ ၄ ပေခွဲရှိ ပြောက်ကျား ယူနီဖောင်းစ ပိတ်အုပ် နှစ်အုပ်ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် ပယင်းတောင် နှင့် မျောတောင် တစ်ဝိုက်ရှိ တောင်ကုန်းများအား ရှင်းလင်းစဉ် ပယင်းတောင် ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ချုံအတွင်းမှ ဆာလာအိတ် ဖြင့် ထုပ်ထားသည့် အသက်သွင်းပြီး မိုင်းနှစ်လုံးနှင့် မိုင်းပြုလုပ် ရာတွင် အသုံးပြု သည့်ကား Piston လေးလုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger