www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 24, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ များအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည့် လူမှောင်ခိုသယ်လှေတစ်စင်း ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

တပ်မတော်(ရေ) မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရေယာဉ်၏ တောင်ဘက် ၄ မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်မှ မြန်မာနိုင်ငံ ရေပြင်အတွင်း အနောက် မှ အရှေ့သို့ ခုတ်မောင်းနေသော ခရေဖူး အမည်ရှိ တရားမဝင် လူမှောင်ခို လှေတစ်စင်း နှင့်အတူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

အဆိုပါလှေသည် ကျိုက္ခမီ ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ထွက်ခွာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဖြတ်ဝင်၍ ကျောက်ပန္တု ၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အစပ်သို့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲတွင်ေ ရာက်ရှိကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားပွဲစား သုံးဦးအား စောင့်ဆိုင်းခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားများ မရောက်ရှိသေး သဖြင့် မြန်မာရေပိုင်နက် ထဲသို့ ဝင်ရောက်စဉ် နံနက် ၃ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

လှေပေါ်တွင် လိုက်ပါလာသူ ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်နေ မောင်သာကဲ အား စစ်ဆေးမေးမြန်းရာ ထိုင်းနိုင်ငံနေ ဘင်္ဂါလီလူမျိုး ဂျာမား ဆိုသူက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေးရှားနိုင်ငံသို့ လူများ သယ်ဆောင် ရန်အတွက် ခေါက်ကြေးပေး ငှားရမ်းခဲ့ပြီး ကျိုက္ခမီမြို့ ဝက်သိုးရပ်ကွက်နေ လှေပိုင်ရှင် ဦးသန့်ဇင် နှင့် ဂျာမားဆိုသူတို့ တိုက်ရိုက် ဆက်သွယ်ခြင်း ကြောင့် ငှားရမ်းခ မသိရကြောင်း၊ ၄င်းသည် ကိုယ်စားလှယ်သာ ဖြစ်ပြီး လှေသားတစ်ဦး တစ်ခေါက်လျှင် ငွေကျပ် တစ်သိန်းခွဲ ရရှိကြောင်းနှင့် လှေပေါ်လိုက်ပါ မည့်သူ တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းခွဲ ပေးရမည် ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ဘင်္ဂါလီလူမျိုး ၂ဝဝ ခန့်အား တင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်- ထိုင်းနိုင်ငံ တောင်ပိုင်းမှ တစ်ဆင့် မလေးရှားနိုင်ငံ သို့သွားရောက်မည် ဖြစ်ကာ ထိုင်းနိုင်ငံ တောင်ပိုင်းရေပြင်တွင် တစ်ထောက် ရပ်နားမည် ဖြစ်ပြီး မလေးရှားနိုင်ငံ ရေပြင်သို့ ရောက်ရှိချိန်တွင် ဂျာမားဆိုသူက စက်လှေဖြင့် လာရောက်၍ ပါလာသည့် လူများအား လှေဖြင့်ထပ်ဆင့် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းမိလှေ နှင့် တရားခံရှစ်ဦးအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger