www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

KIA/ TNLA သောင်းကျန်းသူအဖွဲ့များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကွတ်ခိုင်မြို့အတွင်း ကျရောက်ပေါက်ကွဲ


KIA, TNLA သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်လိုက်သည့် ၆၀ မမ ဗုံးသီးကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက် ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသရှိ ကွတ်ခိုင်တပ်နယ် အတွင်းသို့ KIA/ TNLA သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီးဖြင့် သုံးချက် လာရောက် ပစ်ခတ်ခဲ့ရာ နယ်မြေခံတပ်မှ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ သဖြင့် ညနေ ၄ နာရီ ၁ဝ မိနစ် တွင် ရန်သူပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။

၎င်း သောင်းကျန်းသူများ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည် ကွတ်ခိုင် မြို့စွန်တွင် ကျရောက် ပေါက်ကွဲပြီး ယင်းကျည်များ အနက် ၆ဝ မမဗုံးသီး တစ်လုံးမှာ ပေါက်ကွဲခြင်း မရှိဘဲ ကွတ်ခိုင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဒေါ်ဂွမ်းခေါန် ၏ နေအိမ်မီးဖိုချောင် အုတ်နံရံခြေမှ မြေကြီးတွင် စိုက်ဝင်သွား ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် လည်း ကြူကုတ် (ပန်ဆိုင်း) ရှိ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် ရဲကင်းစခန်းအား KIA သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ကြီးဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ တပ်မတော် စစ်ကြောင်းက လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး လိုက်လံရှင်းလင်း ခဲ့ရာ ရန်သူများ တောင်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း KIA/MNDAA နှင့် TNLA သောင်းကျန်းသူ အဖွဲ့များ ပူးပေါင်း၍ တပ်မတော် စခန်းများ၊ ရဲကင်းစခန်းများ သာမက ပြည်ထောင်စု ကားလမ်းနှင့် အပြစ်မဲ့ ပြည်သူများ သွားလာလှုပ်ရှား သည့်နေရာများ ကိုပါ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ် လာသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေဖြန့်ခွဲ ရှင်းလင်းမှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger