www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

TNLA သောင်းကျန်းသူအဖွဲ့က ရဲတပ်ဖွဲ့ဝင်သုံးဦး နှင့် အပြစ်မဲ့ပြည်သူ တစ်ဦးအားသတ်ဖြတ်


နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ အနက် နိုဝင်ဘာ ၂ဝ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်နှင့် နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တို့တွင် TNLA သောင်းကျန်းသူ အဖွဲ့ အင်အား ၁ဝဝ ဦးခန့်က မူဆယ်မြို့မှ ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စု လမ်းပေါ်ရှိ နမ့်ပေါ်တံတား အား မိုင်းဖောက်ခွဲပြီး လုံခြုံရေး ဆောင်ရွက်နေသည့် ရဲကင်းစခန်းအား ပစ်ခတ်ခြင်းနှင့် တံတားအနီး ဈေးဆိုင် သုံးဆိုင်အား မီးရှို့ဖျက်ဆီး ခဲ့ခြင်းများ ပြုလုပ်ခဲ့သည့် သတင်းကို နိုဝင်ဘာ ၂၁ ရက်ထုတ် မြဝတီသတင်းစာ တွင် သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာသို့ မူဆယ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များက စစ်ကူပေးရန် လာရောက် ပူးပေါင်းစဉ် နမ့်ပေါ် တံတား၏ တောင်ဘက် မီတာ ၃ဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် ၄င်းသောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးသည် အမ် ၂၃ သေနတ် နှစ်လက်၊ အမ် ၂၂ သေနတ်နှစ်လက်၊ အမ် ၂၁ သေနတ်တစ်လက် စုစုပေါင်း သေနတ်ငါးလက် နှင့်အတူ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းခံခဲ့ ရသည်။ ထို့ပြင် ၄င်းသောင်းကျန်းသူ အဖွဲ့ ဆုတ်ခွာရာ လမ်းတွင် တွေ့ရှိခဲ့သည့် အရပ်သားတစ်ဦး ကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာနှင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက်အား နယ်မြေခံ တပ်မတော်သား များက လိုက်လံရှင်းလင်း ခဲ့ရာ နိုဝင်ဘာ ၂ဝ ရက် ညနေ ၃ နာရီခန့်တွင် အဆိုပါ နမ့်ပေါ်တံတား အနီး ၂ ဖာလုံခန့် အကွာသို့ ရောက်ရှိစဉ် ညှဉ်းပန်းနှိပ်စက် ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေသည့် အရပ်သား တစ်ဦးတို့ကို ရှာဖွေတွေ့ရှိ ခဲ့သည်။

အဆိုပါ သေဆုံးခဲ့သူ များမှာ TNLA သောင်းကျန်းသူ အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်မှုကြောင့် ရရှိသည့် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အရပ်သား မှာလည်း ၄င်း သောင်းကျန်းသူ အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း စိစစ် သိရှိရသည်။

TNLA အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် ပြည်သူလူထု တည်ငြိမ် အေးချမ်းစွာ နေထိုင်သွားလာ နိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စခန်းများနှင့် ရဲကင်းစခန်း များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူ  များအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ လမ်းတံတား များအား ပိတ်ဆို့ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ် နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ စိုးရိမ် ထိတ်လန့်မှုများ မဖြစ်ပွားစေရန် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger