www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

ပြည်သူများအသုံးပြု သွားလာနေသည့် လမ်းတံတားများအား TNLA အကြမ်းဖက်သောင်းကျန်းသူ များက လမ်းကြောင်းပိတ်ဆို့ခြင်း ၊ တံတားဖောက်ခွဲ ဖျက်ဆီးမီးရှို့ခြင်းများ ပြုလုပ်


နမ့်လာချောင်းတံတားအနီး သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


TNLA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လာချောင်းတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးထားစဉ်

TNLA အကြမ်းဖက်သောင်းကျန်းသူများက ယာဉ်များ ကန့်လန့်ထား၍ လမ်းကြောင်း 
ပိတ်ဆို့ထားသည်ကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက် ည ၈ နာရီခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ကွတ်ခိုင်မြို့နယ်၊ နမ့်အွန်ကျေးရွာ ၏ အနောက်တောင်ဘက် မီတာ ၁၇ဝဝ ခန့်အကွာရှိ မိုင်တိုင်အမှတ် ၂၆၂/၂ နေရာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က ယာဉ်ကြီး ငါးစီးအား ကန့်လန့်ဖြတ် ရပ်တန့်စေပြီး လမ်းကြောင်း ပိတ်ဆို့ထား သဖြင့် တပ်မတော် စစ်ကြောင်းက ယင်းနေရာသို့ သွားရောက်ပြီး လမ်းကြောင်း ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီတွင် မော်တော်ယာဉ်များ ပုံမှန်ပြန်လည် သွားလာ နိုင်ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၂ဝ ရက် ည ၉ နာရီ ခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နှင့် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ မန်တုံမြို့သွား ကားလမ်း မိုင်တိုင်အမှတ် (၉)အနီး နမ့်လာချောင်းအား ဖြတ်ကူး တည်ဆောက် ထားသည့် အလျား ၆၅ ပေရှိ သစ်သားတံတား အား TNLA အကြမ်းဖက် သောင်းကျန်းသူ များက မိုင်းဖောက်ခွဲ၍ မီးရှို့ဖျက်ဆီး ခဲ့သဖြင့် တံတားကြမ်းခင်းများ မီးလောင်ပျက်စီး ခဲ့သည်။ အဆိုပါတံတား အနီး ည ၉ နာရီခွဲခန့်တွင် တပ်မတော်စ စ်ကြောင်းက အသေးစိတ် ထပ်မံ ရှင်းလင်းစဉ် လက်လုပ်မိုင်း တစ်လုံးနှင့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိ ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။ TNLA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အများပြည်သူ အသုံးပြု သွားလာနေသည့် လမ်းတံတား များအား လမ်းကြောင်း ပိတ်ဆို့ခြင်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ခရီးသွားလာမှုနှင့် ဒေသတွင်း ကုန်စည်စီးဆင်း မှုများစွာ ထိခိုက်စေကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger