www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

Google က အထူးစီစဉ်ထုတ်လုပ် ထားသော WiFi လွှင့်စက် ကြိုတင်မှာယူမှုကို စတင်လက်ခံနေ




ဝါရှင်တန် ၊ ၁၇-၁၁-၂၀၁၆

အီလက်ထရွန်နစ် ပစ္စည်းများကို သာမက လူသုံးကုန် ပစ္စည်းများ ကိုပါ အင်တာနက်နှင့် ချိတ်ဆက် အသုံးပြု လာသော သိပ္ပံနှင့် နည်းပညာ ခေတ်ကြီးတွင် ဝိုင်ဖိုင် ကွန်ရက် လစ်ဟာနေသော နေရာ များကို အတတ်နိုင်ဆုံး ဖြည့်တင်း နိုင်ရေးအတွက် Google က  အထူးစီစဉ် ထုတ်လုပ်ထားသော Google WiFi လွှင့်စက် ကြိုတင် မှာယူမှုကို စတင်လက်ခံ နေပြီ ဖြစ်ကြောင်း သိရသည်။

အိမ်တွင်း ဝိုင်ဖိုင်စနစ်တွင် ဝိုင်ဖိုင် မမိသော ကွက်လပ်များ ရှိနေနိုင်ကြောင်း၊ ၄င်းကွက်လပ် များကို Repeater များ၊ Mesh Network များဖြင့် ဖြည့်ပေးရန် စဉ်ဆက်မပြတ် ကြိုးပမ်းလာခဲ့ ကြောင်း၊ ဝိုင်ဖိုင်ကွက်လပ် များကို ဖြည့်ပေးရန် မိမိ နည်းပညာကို အသုံးပြုကာ ဆောင်ရွက် သွားမည် ဟု Google က ယခုနှစ် အောက်တိုဘာလက ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက် ယခုအခါ Google WiFi လွှင့်စက် ကြိုတင် မှာယူမှုကို စတင်လက်ခံပြီး ဒီဇင်ဘာ လဆန်း ပိုင်းတွင် စတင်ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

'' Eero နဲ့ Luma တို့လိုပဲ Google WiFi က Mesh Network အမျိုးအစား ဖြစ်ပါတယ်။ ကျယ်ဝန်းလှတဲ့ အိမ်တစ်လုံးထဲမှာ ဖြန့်ကြက်ထားတဲ့ ကွန်ရက်ထဲကို WiFi Point အပိုတွေ ထပ်ဖြည့်ပေးပြီး ဝိုင်ဖိုင်ကွန်ရက် ကျယ်ပြန့်အောင်၊ လွတ်နေတဲ့ ကွက်လပ်တွေ မရှိအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ WiFi Point အပိုတွေက တစ်ခုနဲ့ တစ်ခုကို IEEE 802.11s Mesh နဲ့ ချိတ်ဆက်မှာ ဖြစ်ပြီး ပါဝါရမယ့် လျှပ်စစ် ပလတ်ပေါက် ရှိတဲ့ နေရာတိုင်းမှာ တပ်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

You can now preorder Google Wifi, will ship December 5

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger