www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

အပြစ်မဲ့ကုမ္ပဏီဝန်ထမ်း သုံးဦးအား ဖမ်းဆီးညှဉ်းပမ်းနှိပ်စက် ၊ တစ်ဦးလွတ်မြောက်


ထွက်ပြေးလွတ်မြောက်လာသည့် ကျော်ဇင်ဦး

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ကွတ်ခိုင်မြို့နယ် အတွင်း လမ်းလုပ်ငန်း ဆောင်ရွက်နေသော ယာဉ်မောင်း သုံးဦးအား ယမန်နေ့ မွန်းလွဲပိုင်းက KIA, TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့ များက ဖမ်းဆီးသွားပြီး တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့နယ် အတွင်း လမ်းတိုးချဲ့ခြင်း လုပ်ကိုင်နေသော အော်ရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ယာဉ်မောင်းများ ဖြစ်သည့် ဝင်းထွဋ်ကျော် ၂၇ နှစ်၊ ကျော်ဇင်ဦး ၂၆ နှစ်နှင့် တင့်နိုင် ၃ဝ နှစ်တို့ သုံးဦးသည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ လမ်းလုပ်ငန်း ဆောင်ရွက်နေစဉ် KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် ၄င်းတို့သုံးဦးအနက် ကျော်ဇင်ဦး သည် ထုရိုက်ခံရသော ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး လားရှိုးမြို့ရှိ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger