www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

မောင်တောမြို့နယ်အတွင်း အဘူဂျရားကျေးရွာ အနီး ယာယီတဲဖြင့်နေထိုင်လျက်ရှိသည့် ထွက်ပြေးတိမ်းရှောင် လာသူများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် ၊ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်


နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်လာသူ များအတွက် ထောက်ပံ့ပစ္စည်းများ 
ပို့ဆောင်ပေးစဉ်


နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

မောင်တောမြို့နယ် အဘူဂျရားကျေးရွာ အနီး ယာယီတဲဖြင့် နေထိုင်လျက် ရှိသည့်  ထွက်ပြေး တိမ်းရှောင်လာသူ များအား လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ပြီး မူလနေရပ်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မောင်တောမြို့နယ် အဘူဂျရား ကျေးရွာ အနီးတွင် အခြား ကျေးရွာများမှ ထွက်ပြေးလာသူ များသည် ယာယီတဲများဖြင့် နေထိုင်လျက် ရှိကြောင်း သတင်းများအရ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင် များက နိုဝင်ဘာ ၂ဝ ရက် နံနက် ၁၁ နာရီခွဲက သွားရောက် စိစစ်ရာ ဒါးကြီးဇား ကျေးရွာနှင့် မျောတောင် ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူ ၁၂၁၃ ဦးမှာ အဆိုပါ နေရာတွင် ယာယီတဲများဖြင့် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ၄င်းတို့အား ရခိုင်ပြည်နယ် အစိုးရက ဆန်အိတ် ၁ဝဝ၊ ငါးခြောက် ပိဿာ ၁ဝဝ နှင့် ခေါက်ဆွဲခြောက် ဖာ ၁ဝဝ စသည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့ပြီး မူလ နေရပ်သို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Rakhine State government has sent aid to internally displaced persons who fled their villages and are now sheltered at temporary camps near Abujaya Village in Maungtaw Township. The Rakhine State government is planning to assist them in returning their homes after the security forces found out that more than 1,200 villagers from Dargyisar and Myawtaung villages are staying in tents, according to the Information Committee of the State Counsellor’s Office. One hundred bags of rice, 100 viss of dried fish and 100 boxes of instant noodles were donated.


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger