www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 3, 2016

မိုင်းနောင်မြို့နယ် အတွင်း တရားမ၀င် သယ်ဆောင်လာသော ယမ်းကြိုးများ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းနောင်မြို့နယ်၊ ဝမ်ဖွန်းကျေးရွာ အနီး၌ တပ်မတော် စစ်ကြောင်း သည် ပုံမှန် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၃၁ ရက်ည ၁ဝ နာရီခန့်တွင် မိုင်းနောင်ဘက် မှ လဲချား ဘက်သို့ ယာဉ်မောင်း တယ်အန်း (ဘ) ကျန်ကြည်ခြင် လားရှိုးမြို့နေသူ မောင်းနှင်၍ ဇော်လှိုင်ဖြိုး (ဘ) ဦးဝင်းအောင် လိုက်ပါလာသော ISUZU BIGHORN အမျိုးအစား (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ အရှည် ၁၂ လက်မခန့် ရှိ ဓားမြှောင် တစ်ချောင်း၊ ကျောက်စိမ်း အရိုင်းတုံး သုံးတုံး၊ ကျောက်ပြား တစ်ပြား၊ လက်ကိုင် ဖုန်းသုံးလုံး၊ စက္ကူဖာ ခြောက်ဖာ၊ ဆာလာအိတ် ငါးအိတ်ဖြင့် သယ်ဆောင် လာသည့် ၁၂ ပေအရှည် အစိမ်းရောင် ယမ်းကြိုးပါ ဒီတိုနေတာ ၇၉ဝ ချောင်း၊ ၁၂ ပေအရှည် အနီရောင် ယမ်းကြိုးပါ ဒီတိုနေတာ ၄ဝဝ ချောင်း၊ ၁၂ ပေအရှည် အဖြူရောင် ယမ်းကြိုးပါ ဒီတိုနေ တာ ၃၉ဝဝ ချောင်း၊ ၉ ဒသမ ၅ လက်မ အရှည် ပလတ်စတစ် အစိမ်း၊ နီကြား ယမ်းကြိုးပါ ဒီတိုနေတာ ၇၆ဝ ချောင်းနှင့် ၉ ဒသမ ၅ လက်မအရှည် ပလတ်စတစ် အနက်၊ နီကြား ယမ်းကြိုး သတ္တုခေါင်းပါ ဒီတိုနေတာ ၁ဝဝ ချောင်း၊ စုစုပေါင်း ၅၉၅ဝ ချောင်းတို့ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူများ၊ ယာဉ်နှင့် ပစ္စည်းများအား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး လဲချားမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger