www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

မောင်တောဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ် ဖြင့် အခြေခံစားကုန်များ ပို့ဆောင်ပေး


မောင်တောဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကျေးရွာများ သို့ 
တပ်မတော်ရဟတ်ယာဉ်ဖြင့် အခြေခံစားကုန်များ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောဒေသ ရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ လုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ စေတနာရှင် ပြည်သူများ ပေးပို့ လှူဒါန်းသည့် စားသောက် ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများ ကိုလည်း တာဝန်ရှိသူ များနှင့် လုံခြုံရေး တပ်ဖွဲ့များမှ တစ်ဆင့် ဒေသခံပြည်သူ များထံ ဆက်လက် ပို့ဆောင်ပေးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဝေးလံ ခက်ခဲမှုကြောင့် အခြေခံစားကုန် ရှားပါးပြီး နေထိုင် စားသောက်ရေး ခက်ခဲသော ဒေသများရှိ ဒေသခံပြည်သူ များ၏ အခက်အခဲ များနှင့် လိုအပ်ချက်များ ကို ကူညီဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ မောင်တောမြို့နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ဝေးလံခက်ခဲသည့် ဗန္ဓုလကျေးရွာ၊ အောင်သပြေ ကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ ဒုံးညိုကျေးရွာ နှင့် တပ်ချောင်း ကျေးရွာတို့ရှိ ဒေသခံပြည်သူများ အတွက် လိုအပ်သည့် အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆီ ၃ဝဝ ပိဿာ၊ ကြက်ဥ ၁ဝဝဝ လုံး၊ ငါးပိ ၆ဝ ပိဿာ၊ ဆား ၁ဝဝ ပိဿာ၊ ငါးနီတူခြောက် ၅ဝ ပိဿာ၊ ကြက်သွန်နီ ၁ဝဝ ပိဿာ၊ ကြက်သွန်ဖြူ ၁ဝဝ ပိဿာ၊ အာလူး ၅ဝ ပိဿာ၊ ခေါက်ဆွဲခြောက် ၂ဝ ဖာ၊ ဆေးပေါ့လိပ် ၁ဝဝ ထုပ်၊ ဆပ်ပြာ ၅ဝ ဘူး၊ ဆပ်ပြာတောင့် ၁ဝဝ တောင့်၊ စည်သွတ်ဘူး ၅ဝ ဘူး၊ ကော်ဖီမစ် အထုပ်ကြီး ၁၅ဝ ထုပ်၊ လက်ဖက် ၂ဝဝ ထုပ်၊ မဆလာ ၁ဝ ဖာနှင့် အရောင်တင်မှုန့် ၁၀ ထုပ်တို့ကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ် ဖြင့် စစ်တွေမြို့မှ ဗန္ဓုလကျေးရွာသို့ ပို့ဆောင်ပေးပြီး တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ကျေးရွာများရှိ ရပ်မိရပ်ဖ များထံ ဆက်လက် ပေးအပ်သည်။

ထို့ပြင် မောင်တောမြို့နယ် အောင်သပြေ ကျေးရွာမှ အရေပြား ရောဂါကြောင့် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည့် လူနာတစ်ဦးအား စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနိုင်ရေး စစ်တွေ့မြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger