www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

KIA နှင့် TNLA လက်နက်ကိုင်အဖွဲ့များ မူဆယ်မြို့မရဲစခန်း သို့ လာရောက်ပစ်ခတ်


KIA/ TNLA လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်ခဲ့သည့် မူဆယ်မြို့မရဲစခန်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မ ရဲစခန်းသို့ နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ တွင် KIA နှင့် TNLA လက်နက်ကိုင် အဖွဲ့သည် ၄ဝ မမ တစ်လုံး၊ လက်နက်ငယ် ခုနစ်ချက်ဖြင့် အဝေးမှ လာရောက် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြန်လည် ပစ်ခတ်ရှင်း လင်း ခဲ့ရာ KIA နှင့် TNLA လက်နက်ကိုင် အဖွဲ့များသည် ပြန်လည် ဆုတ်ခွာသွားသည်။

ဖြစ်စဉ်ကြောင့် လူနှင့် အဆောက်အအုံများ ထိခိုက်မှု မရှိကြောင်းနှင့် နယ်မြေခံ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် မြို့အဝင်/ အထွက် နေရာများ၊ လှည့်ကင်းများ ဖြင့် စနစ်တကျ စစ်ဆေးရှာဖွေ ရှင်းလင်းလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger