www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များက ပစ်ခတ်မှုကြောင့် လူမှုကူညီရေးပရဟိတ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် 
ဒဏ်ရာရရှိခဲ့သည့် ကိုရဲမင်းအောင် ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၌ KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များ၏ ပစ်ခတ် တိုက်ခိုက်မှု များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သာမက ပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခန့် ကလည်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် မှ တိုက်ပွဲရှောင် ပြည်သူများအား ကူညီ ကယ်ဆယ်ရန် သွားရောက်သည့် မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေး အသင်းနှင့် ၁ဝ၅ မိုင် ပါရမီ လူမှုကူညီရေး အသင်းတို့မှ မှန်လုံ မော်တော်ယာဉ် နှစ်စီးအား KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ  သတင်းထုတ်ပြန် ထားသည်။

အဆိုပါ လူမှုကူညီရေး အသင်းမှ မော်တော်ယာဉ် နှစ်စီးသည် လွယ်အင်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင် တွင် တိုက်ပွဲရှောင် ပြည်သူများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် အကူအညီ ပေးရန် သွားရောက်စဉ် KIA ၊ TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ဘုရားကုန်း လမ်းဘေး တောင်ကုန်းမှ လက်နက်ငယ်ဖြင့် လေးချက်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် မေတ္တာမွန် လူမှုကူညီရေး အသင်းယာဉ် ပေါ်တွင် လိုက်ပါလာသော  ရွှေလီမြို့ ကြင်နာနွေးထွေး ပရဟိတလူငယ် အသင်းမှ ကိုရဲမင်းအောင် ၂၃ နှစ် (ဘ) ဦးချစ်၏ ဝဲဘက်ရင်ဘတ် တွင် ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ယင်း မော်တော်ယာဉ်မှာ လက်နက်ငယ် ထိမှန်မှုကြောင့် ဆက်လက် မသွားရောက် နိုင်တော့ဘဲ ဒဏ်ရာရရှိ သူနှင့်အတူ မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာပြီး ညနေ ၄ နာရီခွဲခန့်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိကာ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger