www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာနေပြည်သူများအား ကျန်းမာရေး စောင့ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ ထွက်ခွာ


ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ
 ဆောင်ရွက်ပေးမည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နေပြည်တော် မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန်အတွက် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ အပါအဝင် စုစုပေါင်း ၁၁၅ ဦး ပါဝင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင် ထွက်ခွာသည်။

အဆိုပါနယ်လှည့် အထူးကု ဆေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျား ဓာတ်ခွဲယာဉ်နှင့် သွားရောဂါ ဆိုင်ရာ ခွဲစိတ်ကုသယာဉ် တို့ပါဝင်ပြီး ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိ လှေကြီးတက် ကျေးရွာ၊ ဇီးဖြူကွင်း ကျေးရွာ၊ ကွမ်းခြံကုန်း ကျေးရွာ၊ ဘုရားငူ ကျေးရွာနှင့် ကွင်းကောက် ကျေးရွာ၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ဖူတီကျေးရွာ၊ နွားရေကျော် ကျေးရွာ၊ အလယ်ချောင်း ကျေးရွာ၊  ကျိုက်ပိကျေးရွာ၊ သာပေါင်းကလေး ကျေးရွာနှင့် ဝဲဒေါင့်ကျေးရွာ တို့မှ ဒေသခံပြည်သူ များအား ဒီဇင်ဘာ ၂ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger