www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် စကု တို့ ဧရာဝတီတိုင်း ဒေသကြီး ၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွကရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု မှ ဆေးကုသရေး အဖွဲ့သည် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ကျေးရွာများရှိ ဒေသခံပြည်သူ များအား အထွေထွေ ရောဂါများ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါများ၊ သားဖွား/ မီးယပ် ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း /လည်ချောင်း ရောဂါနှင့် သွားရောဂါတို့ကို ကုသခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ခွဲစိတ်ရောဂါများ ရှာဖွေစစ်ဆေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

ထို့ပြင် အရေးပေါ် အခြေအနေများ ပေါ်ပေါက်ပါက ရေယာဉ်ပေါ်၌ လူနာ ၃ဝ ဦးအထိ တင်ဆောင်ကုသ နိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/ မီးယပ်ခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင် များလည်း ပါရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger