www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မောင်တောမြို့နယ် အတွင်းရှိ ရေခပ်ချောင်းဂွဆုံ ကျေးရွာမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီး


တပ်မတော်သားများက အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှိုးဖျက်ဆီးခဲ့သည့်
 နေအိမ်များကို မီးငြှိမ်းသတ်စဉ်

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်ဆီးမှုကြောင့် ရေခပ်ချောင်းဂွဆုံကျေးရွာ 
မီးလောင်နေသည်ကို တွေ့ရစဉ်

နေပြည်တော် ။ ၁၆-၁၁-၂၀၁၆

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်တွင် ပါဝင်သော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်ဆီး သွားသည့် ကျေးရွာများအား တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ယမန်နေ့ညနေ ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် ရေခပ်ချောင်းဂွဆုံ ကျေးရွာ သို့ ညနေ ၃ နာရီအချိန် အရောက် အဆောက်အအုံအချို့ မီးလောင်နေကြောင်း တွေ့ရှိရ သဖြင့် ပတ်ဝန်းကျင်တွင် လုံခြုံရေး ဆောင်ရွက်လျက်  ရှိသော တပ်မတော် စစ်ကြောင်း များသို့ အကြောင်းကြား၍ ဝိုင်းဝန်းမီးငြှိမ်းသတ် စေခဲ့သည်။

အဆိုပါ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များ၏ မီးရှို့ဖျက်ဆီး မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

မောင်တောနယ်မြေ အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု များနှင့် ဖျက်ဆီးမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ဘင်္ဂါလီအကြမ်းဖက် သမားများ အနေဖြင့် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့များအပေါ် အထင်အမြင် လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက် ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပြီးပါက တချို့သတင်း မီဒီယာများနှင့် ချိတ်ဆက်ပြီး လိမ်လည်သတင်း ဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များ ရရှိအောင် လုပ်ကြံဖန်တီးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger