www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

မိုးကောင်းမြို့နယ်အတွင်း လေယာဉ်ဗုံးသီးဟောင်း နှစ်လုံး တွေ့ရှိ


လေယာဉ်ဗုံးသီးဟောင်း နှစ်လုံးကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တဝါးယံကျေးရွာ အနီး ဇီးပင်ချောင်းကူး တံတားကို တည်ဆောက်လျက် ရှိရာ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် တဝါးယံကျေးရွာ ဘက်ခြမ်း ကမ်းကပ်ခုံ ဘယ်ဘက် တိုင် စိုက်ထူရန် မြေကြီး တူးဖော်စဉ် အနက် ခုနစ်ပေခန့် အရောက်၌ အရှည် တစ်ပေ ၁ဝ လက်မနှင့် အချင်း ခြောက်လက်မရှိ လေယာဉ်ဗုံးသီးဟောင်း နှစ်လုံးကို တွေ့ရှိကြောင်း အကြောင်းကြား သဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းက သွားရောက် ဖယ်ရှား၍ လုပ်ထုံးလုပ်နည်း အရ ဖျက်ဆီးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger