www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေသော်လည်း ဆက်လက် လုပ်ကိုင်မှုများ ရှိနေ



မန္တလေး ၊ ၈-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အင်းအိုင်များ အတွင်း ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းများကို အရေးယူနေ သော်လည်း ဆက်လက် လုပ်ကိုင်ခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်နှင့် အင်းအိုင်များ အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေး၊ ငါးမျိုး မပြုန်းတီးရေး၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ငါးရစ်ငါးသန် ဖမ်းဆီးမှု တားမြစ် ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု ပပျောက်ရေး အတွက် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ လမှစ၍ တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေချို ငါးလုပ်ငန်း ဥပဒေတွင် ပေါက်ကွဲ စေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ ကဲ့သို့ အန္တရာယ် ဖြစ်စေသည့် ပစ္စည်းများနှင့် ငါးဖမ်းခြင်း ဖြစ်စေ၊ အကျိုး ဖျက်ဆီးခြင်း ဖြစ်စေ၊ တားမြစ် ထားသည့် ငါးဖမ်း ကိရိယာဖြင့် ဖမ်းဆီးပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်ငွေ ငွေကျပ် နှစ်သိန်း ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလ အတွင်း မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ၌ ဖမ်းဆီးရမိမှု ငါးကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ စဥ့်ကူးမြို့နယ်၌ ဖမ်းဆီးရမိမှု ၁ဝ ကြိမ်၊ တရားစွဲဆိုမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ၁၂ မျိုး၊ ငါန်းဇွန်မြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်၊ ဖမ်းဆီးရမိသည့် ပစ္စည်း ခြောက်မျိုး၊ မတ္တရာမြို့နယ်၌ ဖမ်းဆီးရမိမှု နှစ်ကြိမ်နှင့် ဖမ်းဆီးရမိသည့် ပစ္စည်းငါးမျိုး တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger